Connect with us

Local

ဆောက်လုပ်ရေး နှင့် အိမ်တွင်း ဒီဇိုင်းရေးဆွဲ အလှဆင်ခြင်း လုပ်ငန်း ဝန်ဆောင်မှု အားလုံးပေး သည့် GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ ရန်ကုန်မြို့တွင် ဖွင့်လှစ်

GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ဆောင်လုပ်ရေး နှင့် အိမ်တွင်း ဒီဇိုင်းရေးဆွဲ အလှဆင်ခြင်း လုပ်ငန်း ဝန်ဆောင်မှု အားလုံးပေး သည့် GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ ဖွင့်ပွဲအခမ်းအနား ကို အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ မြန်မာ နိုင်ငံ ဆောက်လုပ်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ပိုင် ၊ GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ ဒါရိုက်တာ ဦးရန်စော ၊ Sky City Group ကုမ္ပဏီ ဥက္ကဋ္ဌ ယင်ယွမ်ကျန်း (Yin Yuanjiang) ၊ GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ အထွေထွေ မန်နေဂျာ ပိုင်ရှောင်ပင်း (Bai Shaobing) ၊ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက် ခဲ့ကြသည်။

GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆောက်လုပ်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ပိုင် က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ ဒါရိုက်တာ ဦးရန်စော က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

Sky City Group ကုမ္ပဏီ ဥက္ကဋ္ဌ ယင်ယွမ်ကျန်း (Yin Yuanjiang) က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ အထွေထွေ မန်နေဂျာ ပိုင်ရှောင်ပင်း (Bai Shaobing) က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

အခမ်းအနား တွင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး မှ GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကြွရောက်လာကြသည့် ဧည့်သည်တော်များမှ ကုမ္ပဏီ အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရှိခဲ့ရသည်။

GRAND TIMES အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ သည် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ မှ နည်းပညာ အထောက်အကူ ပေးထားသည့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု အားလုံး ဆောင်ရွက်ပေးသည့် ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း ၊ GRAND TIMES ကုမ္ပဏီ ကို ပူးပေါင်း ထူထောင်သည့် တရုတ် နိုင်ငံ မှ ကုမ္ပဏီ သည် လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေး သတ်မှတ်ချက် လက်မှတ်များစွာ ရရှိထားသည့် ကုမ္ပဏီ တစ်ခု ဖြစ်ပြီး GRAND TIMES ကုမ္ပဏီ သည် လက်ရှိချိန်တွင် မြန်မာ နိုင်ငံ၌ ဝန်ထမ်းပေါင်း ၂၀၀ ကျော် ရှိသော ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း ၊ ဆက်လက်၍ မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ကဏ္ဍ အလုံးစုံ ဝန်ဆောင်မှု ကို မြှင့်တင်သွားပြီး မြန်မာ နိုင်ငံ တွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117