Connect with us

Local

E-Banking စနစ်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဏ်များ၏ ငွေကြေးလွယ်ကူမှု (Liquidity) နှင့် မ တည်ငွေရင်း (Capital) လုံလောက်မှုတို့အားကောင်းခိုင်မာလျက် ရှိသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘို ငယ်က ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“ဗဟိုဘဏ်အနေနဲ့ငွေကြေးလွယ်ကူမှု အချိုးကို ၂၀ ရာခိုင်နှုန်းနဲ့ မတည်ငွေရင်း လုံလောက်မှု အချိုး ကို ၁၀ ရာခိုင်နှုန်း ထားရှိဖို့ သတ်မှတ် ညွှန်ကြားထားပါတယ်၊ အဲဒီသတ်မှတ်ချက်အရ ၂၀၁၇ ဇွန် ၃၀ ရက်နေ့အထိ ကိန်းဂဏန်းများအရ ပုဂ္ဂလိကဏ်များ စုစုပေါင်းရဲ့ ငွေကြေး လွယ်ကူမှု အချိုးမှာ ၃၉ ဒသမ ၇၂ ရာခိုင်နှုန်း နဲ့ မ တည်ငွေရင်း လုံလောက်မှုအချိုးမှာ ၁၈ ဒသမ ၀၇ ရှိတာကြောင့် ပုဂ္ဂလိက ဘဏ်တွေရဲ့ ငွေကြေးလွယ်ကူမှု (Liquidity) နှင့် မတည်ငွေရင်း (Capital) လုံလောက်မှု တို့ အားကောင်းခိုင်မာနေတာ တွေ့ရပါတယ်” ဟု ၎င်းက ကရင်ပြည်နယ် လှိုင်းဘွဲ့ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၏ မေးခွန်းကို ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ငွေကြေး လွယ်ကူမှု၊ မ တည်ရင်းနှီးငွေ၊ ငွေသား စီးထွက်မှု (Cash out flow)၊ ငွေသားစီးဝင်မှု (Cash in flow) များအား စောင့်ကြည့် ကြီးကြပ်ရေးများအတွက် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ၊ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပါ ပြဌာန်းချက်များနှင့် အဆို ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် e-Banking စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အစဉ်တစိုက် အားပေး ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း ၎င်းက ပြောခဲ့သည်။

“e-Banking စနစ်မှာ Internet Banking နဲ့ Mobile Banking စနစ်တွေ အဓိက ပါဝင်ပါတယ် e-Banking စနစ်အကောင်အထည်ဖော်ဖို့ ဘဏ်တွေမှာ Core Banking စနစ် ထားရှိပြီး ဘဏ်ခွဲတွေ အားလုံးနဲ့ ချိတ်ဆက်ဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဘဏ် ၂၆ ခုမှာ Core Banking စနစ်တွေ တပ်ဆင်ထားပြီးဖြစ်တဲ့အတွက် Internet Banking နဲ့ Mobile Banking ဝန်ဆောင်မှုတွေ စတင်ပေးနိုင်နေပါပြီ၊ ကျန်တဲ့ ဘဏ်တွေမှာလည်း Core Banking စနစ်တွေ တပ်ဖို့ပြင်ဆင်နေပါပြီ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

Internet Banking နဲ့ Mobile Banking စနစ်များကို အသုံးပြုခြင်းဖြင့် မိမိဘဏ်စာရင်းများကို အင်တာနက်မှ အချိန်မရွေး စစ်ဆေးကြည့်ရှုနိုင်ခြင်း၊ အခြားဘဏ်သို့ စက္ကန့်ပိုင်းအတွင်း ဘဏ်စာရင်း လွှဲပြောင်းနိုင်ခြင်း၊ ငွေပေးချေမှုများ ဆောင်ရွက်နိုင်ခြင်းတို့ဆောင်ရွက်နိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.