ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ ၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးညတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်က ဇန်နဝါရီလ ၁ ရက်တွင်ပြောကြားသည်။
နေပြည်တော်၊ ဇန်ဝါရီ ၁ ရက် (ဆင်ဟွာ) အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် ဖြူစင် ဖြောင့်မတ်သည့် စိတ်ဓာတ်များ ထားရှိ ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက် အားကစား တက္ကသိုလ်အနီးတွင် ယနေ့ကျင်းပသည့်...
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာကမ်းခြေ၌ အပန်းဖြေရန် လာရောက်သူ များပြားသဖြင့် ယင်းနေရာများတွင် ဈေးဆိုင်ပေါင်း ၁ဝဝ ကျော် ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဂျကာတာ၊ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရေပြင်၌ ခရီးသည် ၂ဝဝ ကျော်လိုက်ပါလာသော ကူးတို့ရေယာဉ် တစ်စင်းသည် ယနေ့( ဇန်နဝါရီလ ၁ရက်) တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လှေပေါ်လိုက်ပါလာသူများအနက် ၂၃ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရကာ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) နိုင်ငံတကာ မြို့ကြီးများ၌ ဖောက်လုပ်ထားသော မြေအောက်ရထားလမ်းနှင့် ကားလမ်းများကဲ့သို့ ရန်ကုန်မြို့၌လည်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ကပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန် စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာမည့် ပထမ ပုဂ္ဂလိက ဘဏ်၏ ရှယ်ယာများကို ဇန်နဝါရီ ၂ဝ ရက်တွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်အရသိရသည်။
လန်ဒန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန်-မော်လမြိုင်ရထားလမ်း ကိုးချောင်းဆက်သံလမ်းများဖြင့် ပြောင်းလဲ တပ်ဆင်ပြီးစီးပါက လက်ရှိပြေးဆွဲချိန်များ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှတာဝန်ရှိ သူတစ်ဦးက ပြောသည်။
ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်၌ ဒီဇင်ဘာလ ၃၁ ရက်ညပိုင်းက နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲကျင်းပနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း သေဆုံးသူ ၃ဝ ဦး နှင့် ဒဏ်ရာရရှိသူ ၅၉ ဦးထိ ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)နိုင်ငံတော် သမ္မတဦးထင်ကျော် နှင့် နိုင်ငံခေါင်းဆောင်များသည် ၂၀၁၇ နှစ်သစ်ကူး ဆုမွန်တောင်း စကားများ ၊ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။