ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နေသည့်အတွက် ချင်းတွင်းမြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ၏ ဆဋ္ဌမအကြိမ်မြောက်ခရီးစဉ်အတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ချမှတ်ခဲ့သည့် (Fact-Finding Mission) ၏ လုပ်ပိုင်ခွင့် တာဝန်နှင့် ပတ်သက်ခြင်း မရှိစေရန် မြန်မာအစိုးရမှ ပြောကြားထားပြီးဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား၊ မြတ်လေးလမ်းနှင့်နှင်းဆီလမ်းကြားရှိ နေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၂၈ လုံးထိ မီးကူးစက်လောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၉၉သိန်း ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ...
ဟမ်းဘတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) G20 ထိပ်သီးအစည်းအဝေး မတိုင်မီ ဟမ်းဘတ်မြို့တွင် ဇူလိုင် ၆ ရက် ညနေပိုင်းက ဆန္ဒပြသူများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၇၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် အထွေထွေကိစ္စရပ်များအား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ (၂၁)ကြိမ်မြောက် မြန်မာ-အိန္ဒိယ နယ်စပ် နယ်ဘက် အာဏာပိုင်များ၏ နိုင်ငံတော်အဆင့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ က Guerrero ပြည်နယ် Acapulco မြို့ရှိ အကျဉ်းထောင် တစ်ခု ၌ ထောင်ဆူမှု ဖြစ်ပွား ခဲ့ပြီး ၂၈ ဦး...
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ လွယ်ခန်ကျေးရွာတွင် ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ကျန်စစ်သားလမ်းနှင့်ဗညားဒလလမ်းထောင့်ရှိ နေအိမ်အား သွားရောက်စစ်ဆေးရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၂၆၄၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၆၃,၂၀၀ ခန့်) နှင့် မီးခံသေတ္တာအတွင်းမှ မြန်မာငွေကျပ် သိန်း ၃၆၀၊ အလေးချိန် ၁၀...
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး ချင်းတွင်းမြစ်ရေ အဆမတန် မြင့်တက်လာမှုကြောင့် နန်ခါချောင်း ရေ မြင့်တက်လာသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင် လေရှီးမြို့နယ် မိုပိုင်းလွတ် မြို့ အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားပြီး နေအိမ်များ နစ်မြုပ်လျက်ရှိကြောင်း...
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၇ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယသမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။