Connect with us

Environment, Disasters & Accidents

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လေရှီး မြို့နယ် အတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များ နစ်မြုပ်

နာဂဒေသ အတွင်းရှိ နေအိမ်များ ရေကြီးရေလျှံမှုကြောင့် နစ်မြုပ်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး ချင်းတွင်းမြစ်ရေ အဆမတန် မြင့်တက်လာမှုကြောင့် နန်ခါချောင်း ရေ မြင့်တက်လာသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင် လေရှီးမြို့နယ် မိုပိုင်းလွတ် မြို့ အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားပြီး နေအိမ်များ နစ်မြုပ်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

ရေကြီးရေလျှံမှုကြောင့် မြို့တွင်းရှိ ကားလမ်းနစ်မြုပ်ကာ အများပြည်သူများ သွားလာရေးခက်ခဲလျက်ရှိသည်။ ရေမြင့် တက်နေမှုကြောင့် အခြေခံပညာ အထက် တန်းကျောင်းများ ပိတ်ထားရပြီး၊ ရေနစ်မြုပ်ခံရသော နေအိမ်များရှိ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှာ ရေဘေး ကင်းလွတ်ရာ တောင်ပေါ်ရှိ ဝန်ထမ်း အိမ်ရာများသို့ အချိန်နှင့်တစ်ပြေးညီ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

ချောင်းရေ မြင့်တက်လာမှု ကြောင့် မြို့နယ်အုပ်ချုပ်ရေးရုံး၊ စည်ပင်ရုံး (ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲ)၊ ပြန်/ ဆက် ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ ပညာရေးဘော်ဒါဆောင် နှစ်ဆောင် အပါအဝင်၊ အမှတ်(၁)ရပ်ကွက်တွင် လူနေအိမ်ငါးလုံး၊ အမှတ်(၂)ရပ်ကွက် တွင် လူနေအိမ်ရှစ်လုံးနှင့် ဖိုင်လင်ကွတ် ကျေးရွာတွင် လူနေအိမ် နှစ်လုံးတို့ရေနစ် မြုပ်လျက်ရှိပြီး၊ ဖိုင်လင်ကွတ်နှင့် ရပ်ကွက် (၂)ဆက်သွယ်ထားသည့် ကြိုးတံတား သည် ရေစီးအားတွင်ပါ လာသည့် အမှိုက် သရိုက်များကြောင့် အောက်ခြေပေါင် လန်၍ ပျက်စီးခြင်း၊ မြို့အဝင် မိုပိုင်းလွတ် တံတား၏ အောက်ခြေပေါင်အထိ ချောင်းရေများ မြင့်တက်လျက်ရှိပြီး မိုပိုင်းလွတ်-ဟုမ္မလင်းစက်လှေလိုင်းများပြေးဆွဲနေမှုကို ခေတ္တပိတ်ထားရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.