Connect with us

Europe

G20 ထိပ်သီးအစည်းအဝေး မတိုင်မီ ဟမ်းဘတ်မြို့တွင် ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွား

ဟမ်းဘတ်မြို့တွင် ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့များအကြား ပဋိပက္ခများဖြစ်ပွားနေစဉ် (ဆင်ဟွာ)

ဟမ်းဘတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

G20 ထိပ်သီးအစည်းအဝေး မတိုင်မီ ဟမ်းဘတ်မြို့တွင် ဇူလိုင် ၆ ရက် ညနေပိုင်းက ဆန္ဒပြသူများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၇၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာလုံးလွှမ်းခြုံမှုဆိုင်ရာ Globalization အား ဆန့်ကျင်သည့် “Welcome to Hell” အမည်ရှိ ဆန္ဒပြပွဲသည် ဇူလိုင် ၆ ရက် နေ့လည်ပိုင်းတွင် ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း ညနေပိုင်းတွင် အဓိကရုဏ်းပုံစံအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က မီးသတ်ပိုက်များ၊ ငရုပ်ကောင်းဖြန်းဆေးများ နှင့် နံပါတ်တုတ်များ အသုံးပြု၍ ဆန္ဒပြသူများအား ဖြိုခွဲခဲ့ကြောင်း သိရသည်။

ဟမ်းဘတ်မြို့ ရဲတပ်ဖွဲ့ က ဆန္ဒပြသူ အရေအတွက် သည် ညနေပိုင်းတွင် ၁၂,၀၀၀ အထိ မြင့်တက်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအနေဖြင့် အဓိကရုဏ်းဖြစ်ပွားစေသည့် ဆန္ဒပြသူများ နှင့် ဝေးဝေးနေရန် ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

ဟမ်းဘတ်မြို့ ရှိ နေရာအနှံ့အပြားတွင် အဓိကရုဏ်းပုံစံဖြင့် ကြမ်းတမ်းစွာ ဆန္ဒပြသူများသည် အရေးပေါ်ဝန်ထမ်းများ နှင့် အများပိုင်ပစ္စည်းများ တိုက်ခိုက်ဖျက်ဆီးခဲ့ကြကြောင်း နှင့် ရဲတပ်ဖွဲ့ဝင် ၇၆ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ဟမ်းဘတ်ရဲတပ်ဖွဲ့က တွစ်တာ စာမျက်နှာ၌ ရေးသားခဲ့သည်။

“Welcome to Hell” ဆန္ဒပြပွဲ အား ပူးတွဲဦးဆောင်သူ တစ်ဦးဖြစ်သည့် Andreas Blechschmidt ၏ ပြောကြားချက်ကို ကိုးကား၍ n-tv ရုပ်သံလိုင်းက ဆန္ဒပြသူ အများအပြား လည်း ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့အနက် အချို့မှာ ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ရိုက်နှက်မှုကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

n-tv ရုပ်သံလိုင်းက “Welcome to Hell” ဆန္ဒပြပွဲ ပြီးဆုံးသွားပြီဖြစ်သော်လည်း မြို့၏ နေရာ အများအပြားတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဇူလိုင် ၆ ရက် ညပိုင်းတွင်ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.