Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီးတွင် နေအိမ် ၂၈လုံး မီးကူးစက်လောင်ကျွမ်းကာ ကျပ် ၉၉သိန်း ဆုံးရှုံး

မီးလောင်ကျွမ်းခဲ့သော နေအိမ်များအား မီးငြိမ်းသတ်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား၊ မြတ်လေးလမ်းနှင့်နှင်းဆီလမ်းကြားရှိ နေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၂၈ လုံးထိ မီးကူးစက်လောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၉၉သိန်း ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် ဇူလိုင် ၆ ရက်နေ့ နံနက် ၁၁နာရီခန့်က ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားပြီး နေအိမ် ၂၈ လုံး၊ Light Truck အမျိုးအစားမော်တော်ယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်နှစ်စီးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲသူအား အောင်ပင်လယ်ရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.