Connect with us

North America

မက္ကဆီကို နိုင်ငံ ရှိ အကျဉ်းထောင် တစ်ခု တွင် ထောင်ဆူမှု ဖြစ်ပွားရာ ၂၈ ဦး သေဆုံး


မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ က Guerrero ပြည်နယ် Acapulco မြို့ရှိ အကျဉ်းထောင် တစ်ခု ၌ ထောင်ဆူမှု ဖြစ်ပွား ခဲ့ပြီး ၂၈ ဦး သေဆုံး ခဲ့ကြောင်း ဇူလိုင်လ ၆ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က Acapulco မြို့ရှိ Las Cruces အကျဉ်းထောင် သည် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ထောင်ဆူမှု ဖြစ်ပွား ခဲ့ပြီး ထောင်အတွင်းရှိ ဂိုဏ်းမတူသည့် အကျဉ်းသား တို့မှ တိုက်ခိုက်ကြရာ ၂၈ ဦး သေဆုံး ပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း ပြောကြား ခဲ့သည်။

မက္ကဆီကို နိုင်ငံ ရှိ အကျဉ်းထောင် တစ်ခု ထောင်ဆူမှု ဖြစ်ပွား သဖြင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ ရှိ အကျဉ်းထောင် တစ်ခု ထောင်ဆူမှု ဖြစ်ပွား သဖြင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ မှ အခင်းဖြစ်ပွားသည့် အကျဉ်းထောင် ကို ထိန်းချုပ်နိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု များဆောင်ရွက်နေကြောင်း သိရှိရသည်။

Las Cruces အကျဉ်းထောင် သည် Guerrero ပြည်နယ် တွင် အကျဉ်းသား အများဆုံး ထားရှိသည့် အကျဉ်းထောင် များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး အကျဉ်းသားပေါင်း ၂၁၀၀ ခန့် ထားရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.