Connect with us

Culture

သိုက်မြိုက်ဝေဆာ တရုတ်တန်းမှာ နွှဲကြပျော်ပျော် နှစ်သစ်ကူး ပွဲတော် ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ

သိုက်မြိုက်ဝေဆာ တရုတ်တန်းမှာ နွှဲကြပျော်ပျော် နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

“သိုက်မြိုက်ဝေဆာ တရုတ်တန်းမှာ နွှဲကြပျော်ပျော် နှစ်သစ်ကူး ပွဲတော်”အား တရုတ် ရိုးရာ ပြက္ခဒိန် အရ နှစ်ဆန်း ၁ ရက် ဖြစ်သည့် ယနေ့ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်မြို့လသာမြို့နယ်ရှိ တရုတ်တန်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ပြည်သူများ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြသည်။

ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က “တရုတ် တန်းဟာ တစ်နှစ်ထက် တစ်နှစ် စည်ကားလာပြီး နှစ်သစ်ကူး အငွေ့အသက်တွေ တစ်နှစ်ထက် တစ်နှစ် ပိုပြီး ပြည့်နှက်လာကာ လူထု အားပေးနှုန်းမှာလဲ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြား လာပါတယ်။ ဒီပျားပန်းခတ် လှုပ်ရှား သွားလာနေတဲ့ လူအုပ် အကြားမှာ တရုတ်နွယ်ဖွား ညီအစ်ကိုတွေ ၊ အခြား တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ လူကြီးလူငယ်မရွေး ပျော်ရွှင် ဝမ်းမြောက်စွာနဲ့အပြန်အလှန် ဆုမွန်ကောင်း တောင်းပေးရင်း စစ်မှန်တဲ့ မေတ္တာ တရားနဲ့ပျော်ရွှင် သဟဇာတ ဖြစ်မှုကို ဖော်ပြနေပါတယ်။”ဟု ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်သစ်ကူး ပွဲတော် အတူတကွ ဆင်နွှဲပြီး ပျော်ရွှင်မှု မျှေ၀ ခံစားခြင်းသည် နှစ်နိုင်ငံ ယဉ်ကျေးမှု ချင်း ချိတ်ဆက်ခြင်း ၊ ပြည်သူချင်း စိတ်ချင်း ဆက်နွယ်ခြင်းကို ပိုမို တိုးတက်လာစေပြီး နှစ်နိုင်ငံ ပြည်သူများ အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို နက်ရှိုင်းစေကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တွန်းအား ဖြစ်စေကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

ပွဲတော် အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း တစ်နှစ်ထက် တစ်နှစ် ပိုမို ကောင်းမွန်စွာ ကျင်းပနိုင်ရန် မျှော်လင့်ပါကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်ရေး အတွက် တရုတ် နွယ်ဖွား အားလုံးရဲ့ပူးပေါင်း ဆောင်ရွက်မှုကလဲ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုမှာ ရှိပါတယ်။ဒါကြောင့် တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှု အတွက် One Belt & One Road ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တွေ ၊ တရုတ်-မြန်မာ စီးပွားရေး စြင်္က ံတည်ဆောက်ရေး အစီအစဉ်တွေ အားလုံးမှာ မြန်မာနိုင်ငံသူ/သား အားလုံး နှစ်သစ်မှာ ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်ရေးကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပါ”ဟု ဆုတောင်းမေတ္တာ ပို့သ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

တရုတ် ရိုးရာ နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ၊ ကွမ်းတုံ ကုန်သည်များ နှင့် စက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်စိန် က မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား မင်္ဂလာ မုဒ်ဦးအား စက်ခလုပ်နှိပ် ဖွင့်လှစ်ခြင်း ၊ ဖဲကြိုးဖြတ် ဖွင့်လှစ် ခြင်းများ ပြုလုပ်စဉ်(ဆင်ဟွာ)

သိုက်မြိုက်ဝေဆာ တရုတ်တန်းမှာ နွှဲကြပျော်ပျော် နှစ်သစ်ကူး ပွဲတော်အား ရန်ကုန်မြို့တရုတ်တန်း တစ်လျှောက်တွင် ကျင်းပနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ၊ ကွမ်းတုံ ကုန်သည်များ နှင့် စက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်စိန် က ယခုကဲ့သို့ကျင်းပခြင်းအားဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပိုမို ခိုင်မာရန် ယုံကြည်ကြောင်း ၊ နိုင်ငံခြားသားများလည်း မြန်မာနိုင်ငံ အကြောင်းအား ပိုမို သိရှိလာပြီး ခရီးသွား လုပ်ငန်းများမှ တဆင့် နိုင်ငံ စီးပွားရေး ပိုမို ဖွံ့ဖြိုး တိုးတက်လာရန် အုတ်တစ်ချပ် ၊ သဲတစ်ပွင့် အနေဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း ၊ အားလုံး နှစ်သစ်ကူးတွင် ပျော်ရွှင်ကြပါစေဟု ဆန္ဒပြု ပြောကြားခဲ့သည်။

သိုက်မြိုက်ဝေဆာ တရုတ်တန်းမှာ နွှဲကြပျော်ပျော် နှစ်သစ်ကူး ပွဲတော်အား ၂၀၁၇ ခုနှစ်တွင် စတင်၍ ရန်ကုန်မြို့ လသာမြို့နယ်ရှိ တရုတ်တန်းတွင် ကျင်းပ လာခဲ့ရာ ယခုနှစ်တွင် တတိယ အကြိမ်မြောက် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် လမ်းမတော်လမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မင်္ဂလာ မုဒ်ဦးအား စက်ခလုပ်နှိပ် ဖွင့်လှစ်ခြင်း ၊ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းတို့အား ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်စိန် နှင့် တာဝန်ရှိသူများက ပြုလုပ်ခဲ့သည်။

ပွဲတော်သို့လာရောက် ဆင်နွှဲသူ တစ်ဦး ဖြစ်သူ ဒေါ်မီမီလှိုင်က တရုတ်တန်းတွင် ကျင်းပသည့် ပွဲတော်မှာ တစ်နှစ် နှင့် တစ်နှစ် မတူသော်လည်း ယခုနှစ်တွင် ပို၍ စည်ကားလာကြောင်း ၊ ပွဲတော်တွင် နှစ်သစ်ကူး အငွေ့အသက်များ မြင်တွေ့ခံစားရသဖြင့် ပျော်ရွှင် မိကြောင်း ၊ ပွဲတော် ကျင်းပခြင်း အားဖြင့် အားလုံး ရင်းနှီး ချစ်ခင်မှုများ ပို၍ ရှိကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

သိုက်မြိုက်ဝေဆာ တရုတ်တန်းမှာ နွှဲကြပျော်ပျော် နှစ်သစ်ကူး ပွဲတော် ကျင်းပရာ ရန်ကုန်မြို့၊ လသာမြို့နယ် တရုတ်တန်း တစ်လျှောက်တွင် နှစ်သစ်ကူး အငွေ့အသက် ပေါ်လွင်စေရန် အနီရောင် မီးပုံးများ ၊ မုဒ်ဦးများ အလှဆင် ချိတ်ဆွဲ ထားရှိခြင်းများ ပြုလုပ်ထားခဲ့ပြီး စတုဒိသာ ကျွေးမွေးခြင်း ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် နေရာများ ၊ ပြခန်းများ ထားရှိပေးထားခြင်း တို့အပြင် နင်္ဂါး နှင့် ခြင်္သေ့ အကများ ၊ တရုတ်-မြန်မာ ယဉ်ကျေးမှု အကများ ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းများအား ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ တရုတ်တန်း နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် နံနက်ပိုင်းတွင် သံဃာတော် နှင့် သီလရှင် အပါး ၁၅၀၀ ကို အလှူဒါန ကုသိုလ်ပြုခြင်းများလည်း ထည့်သွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ကျင်းပသော ပွဲတော်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက် အရ မြန်မာနိုင်ငံ ကွမ်းတုံ ကုန်သည်များ နှင့် စက်မှု လုပ်ငန်းရှင်များ အသင်း ၊ မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်း ၊ ရန်ကုန် ယူနန်အသင်း ၊ မြန်မာနိုင်ငံ ဟုတ်ကျန့်မျိုးနွယ်စု အသင်းချုပ် နှင့် ရွှေသံလွင် ကုမ္ပဏီ အုပ်စုတို့မှ မြန်မာနိုင်ငံ တစ်ဝှမ်း မှီတင်း နေထိုင်ကြသော တရုတ်နွယ်ဖွားတို့ကို ကိုယ်စားပြု၍ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.