Connect with us

Politics

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံခရီးစဉ်က “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေမည်

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်ရှိ ယဉ်ကျေးမှုစင်တာတွင် ပြုလုပ်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ယဉ်ကျေးမှုအမွေအနှစ်ပြပွဲနှင့် တရုတ်နှစ်သစ်ကူး ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၇၀ ကြာပြီးနောက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းသစ်တစ်ခုအဖြစ် ဆောင်ကြဉ်းပေးနေပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် သမ္မတ ရှီ၏ ပထမဆုံး ပြည်ပခရီးစဉ်နှင့် တရုတ် ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်လည်းဖြစ်သည့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံ၏ “ဆွေမျိုးပေါက်ဖော်” (ညီရင်းအစ်ကိုပမာ) ချစ်ကြည်ရေးကို မြှင့်တင်ရန်၊ အိမ်နီးချင်းနိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေး ရှေ့ဆက်တက်လှမ်းရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်၍ ကြွယ်ဝချမ်းသာသော အနာဂတ်တစ်ခု တည်ဆောက်ရေး တွန်းအားပေးရန် တရုတ်နိုင်ငံ၏ ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပေသည်။ 

 တရုတ်နိုင်ငံ အကူအညီဖြင့် အသင့်ဆောက်နေအိမ်များ တင်ဆောင်လာသည့် ကွန်တိန်နာများကို ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းတွင် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

ပန်ဒါကျောပိုးအိတ် လှူဒါန်းခြင်းနှင့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း (CFPA) မြန်မာရုံး၏ လေးနှစ်မြောက် အခမ်းအနား၌ ပန်ဒါကျောပိုးအိတ်များကိုင်ဆောင်ထားသော ကျောင်းသားများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ပြုလုပ်သော UnionPay facebook စာမျက်နှာနှင့် ပညာပေးဗီဒီယို မိတ်ဆက်ခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်နှင့် မြန်မာ နိုင်ငံတို့သည် နယ်နိမိတ်ချင်း အရှည် ၂,၂၀၀ ကီလိုမီတာခန့်အထိ ထိစပ်နေပြီး ပြည်သူအချင်းချင်း ဖလှယ်မှုများဖြင့် သမိုင်းကြောင်းရှည်လျားစွာ တည်ရှိခဲ့သည်။

၁၉၅၄ ခုနှစ်တွင် တရုတ်၊ မြန်မာနှင့် အိန္ဒိယ ခေါင်းဆောင်ကြီးများသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အဆိုပြုခဲ့ပြီး ၎င်းမူကြီးငါးရပ်မှာ ကမ္ဘာအနှံ့ ဘုံသဘောတူညီချက်တစ်ခုအထိ ဖြစ်လာခဲ့သည်။ တရုတ်-မြန်မာဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် အချုပ်အခြာအာဏာနှင့် ပိုက်နက်နယ်မြေတည်တံ့မှုကို အပြန်အလှန်လေးစားမှုရှိရေး၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ကျူးကျော် ရန်စမှုမရှိရေး၊ တစ်နိုင်ငံ၏ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုရေး၊ အပြန်အလှန် အကျိုးကျေးဇူးပြုရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စသည့် မူကြီးများကို မည်သို့ လိုက်လျောညီထွေကျင့်သုံးရမည်ကို ဖော်ပြလျက်ရှိသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံနှင့် အဆင့်မြင့် ဆက်သွယ်မှုနှင့် ခိုင်မာမှုရှိသော နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုဆိုင်ရာ ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းထားခဲ့သည်။ ရှီသည် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များနှင့် အခမ်းအနားများစွာ၌ တွေ့ဆုံခဲ့ကာ ခေတ်သစ် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး အဆင့်တိုးမြှင့်ရန် အရေးပါသော သဘောတူညီချက်ကို ရရှိခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်မှု၊ ရိုးသားစစ်မှန်မှု၊ အပြန်အလှန် အကျိုးကျေးဇူးရှိမှုနှင့် အားလုံးပါဝင်မှု မူများဖြင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အရေးပါမှုအဖြစ် အမြဲတစေ မှတ်ယူလျက်ရှိသည်။

ထို့အတူ မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ဦးစားပေးလျက်ရှိသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီး မကြာမီ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများမဟုတ်သော ပြင်ပနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ပထမဆုံး ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည်။ 

စီးပွားရေး ဆက်နွယ်မှုအနေဖြင့်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် အရေးပါသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်လည်း ဖြစ်သလို နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာလည်း နက်ရှိုင်းစွာ ဆက်လက်တည်ရှိနေသည်။

မြန်မာနိုင်ငံ အစိုးရအတွက် ထိပ်တန်းဦးစားပေးတစ်ခုမှာ စီးပွားရေး တိုးတက်စေရန်နှင့် ပြည်သူတို့၏ လူနေမှုဘဝ သုခချမ်းသာ တိုးတက်ရန်ပင်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့်လည်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ ၎င်းတို့၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုကို မျှဝေသွားရန်၊ အိမ်နီးချင်းနိုင်ငံများနှင့် နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုရှာဖွေရေး ကြိုးပမ်းအားထုတ်မှုကို ဆက်လက်လုပ်ဆောင်သွားရန် ပိုမိုဆန္ဒရှိခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် မူဘောင်အတွင်း ဆိပ်ကမ်းတည်ဆောက်မှု၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရေး အပါအဝင် အပြန်အလှန်အကျိုးရှိသော စီမံကိန်းများ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

အာရှ-ပစိဖိတ်ဒေသတွင် ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ရာ၌ အထောက်အကူဖြစ်စေမည့် တရုတ်-မြန်မာ ညီအစ်ကိုရင်းချာပမာ ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံလုံး၏ အခြေခံ အကျိုးစီးပွားများတွင်လည်း အကျုံးဝင်လျက်ရှိသည်။ ရှေးဟောင်း တရုတ်ဆိုရိုးစကားပုံတွင်လည်း “အိမ်နီးချင်းကောင်းတစ်ယောက်ရှိခြင်းက ဝေးကွာနေသော ဆွေမျိုးတစ်ယောက်ထက် သာ၍ကောင်း၏” ဟူ၍ ဆိုထားပေသည်။ 

ကမ္ဘာအနှံ့စိန်ခေါ်မှုများနှင့် မသေချာမှုများသည် နောက်ခံဖြစ်ရပ်ကို ဆန့်ကျင်လျက်ရှိနေပြီး ဤအချက်က အိမ်နီးချင်းနိုင်ငံများနှင့်လက်တွဲကာ ဒေသတွင်း တည်ငြိမ်မှု ထိန်းသိမ်းရန်နှင့် အပြုသဘောဆောင်သည့် ခွန်အားများကို ဆောင်ကြဉ်းရာ ပွင်းလင်းမှုရှိသော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုဆီသို့ မောင်းနှင်သွားမည့် တရုတ်နိုင်ငံ၏ တည်ကြည်သော ကတိကဝတ်ပင် ဖြစ်သည်။

ယခုနှစ်သစ်အချိန်တွင် တရုတ်-မြန်မာ နှစ်ဘက်အပြန်အလှန်အကျိုးစီးပွား ပူးပေါင်းဆောင်ရွက်မှုတွင် ၎င်းတို့၏ ပြည့်ဝသော အလားအလာကောင်းများကို ဖြည့်ဆည်းသွားရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုအတွက် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်သွားရန် နှစ်နိုင်ငံစလုံးက အသင့်ရှိနေကြပြီဖြစ်သည်။ (Xinhua)