Connect with us

Politics

တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ့်ချွမ် နှင့် မြန်မာ နိုင်ငံ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံတော် ကောင်စီဝင် ၊ တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ့်ချွမ် နှင့် မြန်မာ နိုင်ငံ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း စက်တင်ဘာ ၂၁ ရက်နေ့ တွင် တွေ့ဆုံ ဆွေးနွေး ခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် ကောင်စီဝင် ၊ တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ့်ချွမ်သည် စက်တင်ဘာ ၂၁ ရက်နေ့ ၌ တရုတ် နိုင်ငံတွင် ဒုတိယ အကြိမ် တရုတ်-မြန်မာ မဟာဗျူဟာ နှင့် လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် ရောက်ရှိလာသည့် မြန်မာ နိုင်ငံ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ချန်ဝမ့်ချွမ်မှ တရုတ်-မြန်မာ နှစ် နိုင်ငံ သည် မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ များ ဖြစ်ကြကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ ပြည်တွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နှင့် တိုင်းရင်းသား လက်နက် ကိုင်များ နှင့် အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်မှု များအပေါ် ထောက်ခံကြောင်း ၊ ရွေးကောက်ပွဲ အား သတ်မှတ်ချိန်တွင် အဆင်ပြေ ချောမွေ့စွာ ကျင်းပ နိုင်ရန် မျှော်လင့်ကြောင်း ၊ မြန်မာ နိုင်ငံ မှ ရေရှည် တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ကြောင်း ၊ နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု တိုးမြှင့်နိုင်ခြင်း မှ တစ်ဆင့် အပြန်အလှန် ထောက်ခံ အားပေးမှု ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး တို့ကို လည်း တိုးမြင့် ဆောင်ရွက် နိုင်ရန် မျှော်လင့် ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ တရုတ် နိုင်ငံ ၏ မြန်မာ နိုင်ငံ အပေါ် ကာလ တစ်လျှောက်လုံး ထောက်ခံအားပေးမှု အပေါ် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ စစ်ဘက်ဆိုင်ရာနှင့် မဟာဗျူဟာ ဆက်ဆံရေး နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ကာ နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု ကို တည်ငြိမ်တိုးတက် ရန် ဆောင်ရွက်လိုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)