Connect with us

Politics

တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ နှင့် မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျန်းသယ်ကျန်း နှင့် မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျန်းသယ်ကျန်း (Zhang Dejiang) က စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းအချိန်တွင် မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် ပြည်သူ့ခန်းမကြီး တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ကျန်းသယ်ကျန်း က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အိမ်နီးချင်းကောင်း ၊ သူငယ်ချင်းကောင်း ၊ ဆွေမျိုးပေါက်ဖော်ကောင်း ၊ မိတ်ဆွေကောင်း ဖြစ်ကြကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ အဖွဲ့သစ် တည်ထောင်ပြီးချိန် မှ စ၍ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် အခြေအနေသစ်များအောက်တွင် နှစ်နိုင်ငံ အစဉ်အလာအရ ချစ်ကြည်ဆက်ဆံရေး ပိုမိုခိုင်မြဲစေရန် ၊ နိုင်ငံ ဘက်စုံ မဟာဗျူဟာမိတ်ဘက်ပူးပေါင်း ဆောင်ရွက်ရေး တို့နှင့် ပတ်သက်၍ သဘောတူညီမှုများရရှိခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဦးတည်ချက်ကို ချမှတ် နိုင်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အနေဖြင့် အနီးကပ် ဆက်ဆံရေး တည်ရှိပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် အကျိုးတူပူပေါင်းဆောင်ရွက်ရေး တို့မှ ရရှိသည့် အောင်မြင်မှုများဖြင့် နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျန်းသယ်ကျန်း က နှစ်နိုင်ငံ ဥပဒေရေးရာ အဖွဲ့အစည်း များအနေဖြင့် လတ်တလောနှစ်ပိုင်းတွင် အနီးကပ်ဆက်ဆံရေးများ တည်ရှိခဲ့ပြီး နှစ်နိုင်ငံပြည်သူလူထု အကြားချစ်ကြည်ရေး တိုးမြှင့်ရန် နှင့် ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကူးလူးဆက်ဆံမှုများ နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ပြီး ခေတ်သစ်ပိုးလမ်းမကြီး ကို အတူတကွ တည်ဆောက်ကာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ဥပဒေရေးရာ အဖွဲ့အစည်း များအနေဖြင့် အားသာချက်များကို အသုံးပြု၍ ကဏ္ဍပေါင်းစုံ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တို့ကို ပြုလုပ်ကာ နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု အတွက် အားအင်များ ဖြည့်စွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ ဆွေးမျိုးပေါက်ဖော် ညီအကို နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ၌ ဒုက္ခကြုံတွေ့ချိန်တိုင်းတွင် တရုတ် နိုင်ငံ သည် အချိန်မှီ အားကောင်းသော ကူညီမှုများကို ပေးအပ်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံလွှတ်တော် အနေဖြင့် တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် အနီးကပ် ဆက်ဆံရေး ထားရှိကာ တရုတ် နိုင်ငံ ၏ တရားဥပဒေ စိုးမိုးရေး တည်ဆောက်မှု နှင့် အုပ်ချုပ်မှု အတွေ့အကြုံများကို လေ့လာကာ နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းအောင် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.