Politics
မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး က မြစ်ကြီးနား-ထိန်ချုန်း ကားလမ်း အား သွားရောက် ကွင်းဆင်းလေ့လာ
ရန်ကုန် ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် သည် မြစ်ကြီးနား မြို့ရှိ မြစ်ကြီးနား-ထိန်ချုန်း ကားလမ်း အား သွားရောက် ကွင်းဆင်းလေ့လာမှု ဆောင်ရွက်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ချိတ်ဆက်မှု မြင့်တင်ရေး နှင့် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှု များကို ဆောင်ရွက်ခဲ့သည်။
မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး က မြစ်ကြီးနား-ထိန်ချုန်း ကားလမ်း အား သွားရောက် ကွင်းဆင်းလေ့လာ ခဲ့စဉ်(ဓာတ်ပုံ-Chinese Embassy in Myanmar)

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် သည် ဇွန်လ ၁၂ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ မြစ်ကြီးနား-ထိန်ချုန်း ကားလမ်းကို လက်တွေ့ကွင်းဆင်းလေ့လာခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ အပြန်အလှန် ချိတ်ဆက်မှု အခြေအနေ ကို လေ့လာခဲ့သည်။ ထို့ပြင် သံအမတ်ကြီး က ကန်ပိုက်တီ-ဟုန်ချောင် နယ်စပ်ဂိတ် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု တို့မှ ကူးသန်းသွားလာမှု နှင့် ကုန်သွယ်မှု တို့၏ အဆင်ပြေမှု အခြေအနေ ကို လေ့လာ ခဲ့သည်။
မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ် ဟုန်လျန် က မြစ်ကြီးနား မြို့သို့ ရောက်ရှိနေစဉ် အတွင်း စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက) ပါတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန် နှင့် တွေ့ဆုံ ခဲ့ပြီး ကချင်ပြည်နယ် နှင့် တရုတ် နိုင်ငံ အကြား ချစ်ကြည်ဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး တို့နှင့် ပတ်သက်၍ သဘောထား အမြင်များကို ဖလှယ် ခဲ့ကြသည်။(Xinhua)