Connect with us

Politics

နှစ် (၉၀) ပြည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း အခမ်းအနား ရန်ကုန်မြို့ ၌ ကျင်းပ


ရန်ကုန် ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း နှစ် (၉၀) ပြည့် အခမ်းအနား ကို ဇူလိုင်လ ၂၈ ရက်ညပိုင်း အချိန် တွင် ရန်ကုန် မြို့ရှိ Sule Shangri-La ဟိုတယ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး တို့ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

ရန်ကုန်မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့သည့် နှစ် (၉၀) ပြည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း အခမ်းအနား သို့ မြန်မာ နိုင်ငံ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ အရာရှိကြီးများ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စစ်သံမှူး ရှုန်းဆောင်ဝေ(Xiong Shaowei) ၊ သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံတော် တည်ထောင်ပြီး နောက်ပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အနေဖြင့် တရုတ် နိုင်ငံ၏ အချုပ်အခြာ အာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ခိုင်မြဲစွာ ကာကွယ်စောင့်ရှောက်ပေးခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် သည် နိုင်ငံတကာ ရေးရာ တာဝန်များကို ထမ်းဆောင် ခဲ့ပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတွက် များစွာ အကျိုးပြု ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သည် တိုးတက်ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံရေး သည်လည်း လွန်စွာ ခိုင်မာလာကြောင်း ၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး မှ တစ်ဆင့် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆက်ဆံရေး ကို ပိုမို ပြည့်စုံလာစေကြောင်း ပြောကြား ခဲ့သည်။

images/sino/2017/07/28m4.jpg

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စစ်သံမှူး ရှုန်းဆောင်ဝေ က မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နှစ် (၉၀) ပြည့် အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နှစ် (၉၀) ပြည့် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကား ပြောကြား ရာတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နှင့် မြန်မာ့ တပ်မတော် အကြား ချစ်ကြည်ရင်းနှီးမှု သည် အဆက်မပြတ် တည်တံ့ခိုင်မြဲ လျက်ရှိပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို တိုးမြှင့်လာစေရန် အတွက် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ဇူလိုင်လ ၂၈ ရက်နေ့၌ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် နှစ် (၉၀) ပြည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း အထိမ်းအမှတ်အခမ်းအနား သို့ နိုင်ငံတကာ မှ သံရုံးများမှ စစ်သံမှူး များ တက်ရောက် ခဲ့ကြပြီး စုစုပေါင်း ၄၅၀ ဦး ခန့် တက်ရောက် ခဲ့ကြကြောင်း သိရှိခဲ့ရသည်။(Xinhua)