Politics
တရုတ် ကွန်မြူနစ် ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံ ရှင်းလင်းပွဲ အပေါ် ကြိုဆို
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)
တရုတ်လူမှုရေး သိပ္ပံပညာ အကယ်ဒမီ(CASS)ဥက္ကဋ္ဌ ဒေါက်တာ Wang Weiguang က တရုတ် ကွန်မြူနစ် ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံ ရှင်းလင်းပွဲ အား ယနေ့ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ရာ တက်ရောက်လာသူများက ရှင်းလင်းမှုများ အပေါ် ကြိုဆိုခဲ့ကြသည်။
“အခုဟာကတော့ ကောင်းတဲ့ အစီအစဉ်ပဲလေ။အထူးသဖြင့်တော့ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့၁၉ ကြိမ် မြောက် ကွန်ဂရက်ကို မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေ ၊ ပြည်သူလူထုတွေ ပိုပြီး နားလည် သဘော ပေါက် စေတယ်။အခုလို ရှင်းလင်း ပြတာ ပိုပြီး ကောင်းပါတယ်။”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ထိုရှင်းလင်းပွဲ အပြီးတွင် ပြောကြားခဲ့သည်။
တရုတ် ကွန်မြူနစ် ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံမှာ စနစ်ကျပြီး သမ္မတ ရှီကျင့်ဖိန်၏ နိုင်ငံရေး မိန့်ခွန်းများသည် နိုင်ငံတကာ အတွက် များစွာ ကျေးဇူးပြုလိမ့်မည် ဖြစ်သကဲ့သို့စည်းလုံး ညီညွှတ်မှု ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ညီလာခံသို့သွားရောက် တက်ခဲ့သူ တစ်ဦး ဖြစ်သည့် မုံရွာအောင်ရှင်က ထည့်သွင်း ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်အား တွေ့ရစဉ်(ဆင်ဟွာ)
နိုင်ငံရေး သုတေသီ ဦးကိုကိုလှိုင်က ရှင်းလင်း ဖြေကြားနေစဉ်(ဆင်ဟွာ)
မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)
ယခု ရှင်းလင်းပွဲသို့တက်ရောက်ခဲ့သည့် နိုင်ငံရေး သုတေသီ ဦးကိုကိုလှိုင်က “တရုတ်နိုင်ငံ အနေနဲ့မြန်မာနိုင်ငံ နဲ့ထိစပ်နေတဲ့ အထဲမှာ အကြီးဆုံး နိုင်ငံ ဖြစ်တယ်။အကြီးဆုံး နိုင်ငံ ဖြစ်ပြီးတော့ နယ်နိမိတ်ကလဲ အရှည်လျားဆုံး ထိစပ်နေတာ ဖြစ်တယ်။စီးပွားရေးမှာ ဆိုရင်လဲ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်တယ်။အများဆုံး ရင်းနှီးမြှုပ်နှံသူလဲ ခုချိန်ထိ ဖြစ်နေတုန်းပဲ။တရုတ်နိုင်ငံ ၊ မြန်မာနိုင်ငံ အတွက် အလွန် အရေးကြီးပါတယ်။တရုတ်နိုင်ငံရဲ့အခုလို အတူတကွ ပူးပေါင်း ဆောင်ရွက်ပြီး ကြွယ်၀ ချမ်းသာအောင် လုပ်ကြတယ် ဆိုတာလဲ ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။
တရုတ် ကွန်မြူနစ် ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံ ရှင်းလင်းပွဲတွင် ဦးဆောင် သဘာပတိ ဖြစ်သူ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းနှင့် ပတ်သတ်၍ တရုတ်နိုင်ငံ၏ အနာဂတ် လမ်းကြောင်းနှင့် ပတ်သတ်၍ လာရောက် တင်ပြ ရှင်းလင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
တရုတ် ကွန်မြူနစ် ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံ ရှင်းလင်းပွဲသည် တရုတ်လူမှုရေး သိပ္ပံပညာ အကယ်ဒမီ(CASS)ဥက္ကဋ္ဌ ဒေါက်တာ Wang Weiguang က တရုတ် ကွန်မြူနစ် ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံတွင် သမ္မတ ရှီကျင့်ဖိန်၏ ပြောကြားခဲ့သည့် မိန့်ခွန်းများ နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်များအား လာရောက် ရှင်းလင်း ပြောကြားသည့် ပွဲ ဖြစ်ကြောင်း သိရသည်။(Xinhua)