Connect with us

Social

တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး


ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန မှ ဦးစီး၍ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Termial 3 ရှိ အစည်းအဝေး ခန်းမ တွင် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း အဖွဲ့အစည်း အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ် တို့က တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ သို့ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း (CECCM) ဟိုတယ် နှင့် ဝန်ဆောင်မှုလုပ်ငန်း အသင်းခွဲ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း(Mr.Luo Jun) ၊ International Travel Asia ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ရန်ကျင် (Mr.Yang Jin) ၊ တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း သက်ဆိုင်ရာ အသင်းအဖွဲ့များ ၊ ခရီးသွား လုပ်ငန်း အေဂျင်စီများ နှင့် ဝန်ဆောင်မှု လုပ်ငန်းများ မှ တာဝန်ရှိပုဂ္ဂိုလ် များ ၊ တရုတ် နိုင်ငံ လေကြောင်း ကုမ္ပဏီ မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဆွေးနွေးပွဲ တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီး ဌာန အနေဖြင့် မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၊ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း အား တွန်းအားပေး နိုင်ရန် အတွက် ဝန်ကြီးဌာန အနေဖြင့် တရုတ် နိုင်ငံ မှ ခရီးသွား ဧည့်သည် များအား အောက်တိုဘာ ၁ ရက် မှ စတင်၍ ဆိုက်ရောက် Visa စတင် ခွင့်ပြုပေးခဲ့ကြောင်း ၊ ဝန်ကြီးဌာန အနေဖြင့် တရုတ် နိုင်ငံ မှ ခရီးသွား ဧည့်သည်များ မြန်မာ နိုင်ငံ သို့ ပိုမို လွယ်ကူစွာ လာရောက်လည်ပတ် နိုင်ရန် အတွက် ဆက်လက်၍ ကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ယနေ့ တွေ့ဆုံ ဆွေးနွေးပွဲ မှ တစ်ဆင့် မြန်မာ နိုင်ငံ အကြောင်း အချိန်တို အတွင်း တရုတ် နိုင်ငံ ခရီးသွား ဧည့်သည်များ ပိုမို သိရှိစေရန် ထိရောက်သည့် အကြံပြုချက်များ ရရှိသွားလိုကြောင်း ၊ ဝန်ကြီးဌာန အနေဖြင့်လည်း မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် အချက်များအား ဖြည့်စွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဆွေးနွေးပွဲ တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

CECCM ဟိုတယ် နှင့် ဝန်ဆောင်မှုလုပ်ငန်း အသင်းခွဲ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် လက်ရှိချိန် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး မှာ လွန်စွာ ကောင်းမွန်ပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မှာလည်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တွင် ခရီးသွားလုပ်ငန်း အရင်းအမြစ်များစွာ တည်ရှိနေသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ခရီးသွား ဧည့်သည် လာရောက်မှု အကန့်အသတ် တစ်ခု ရှိနေကြောင်း ၊ တရုတ် နိုင်ငံ မှ ပြည်ပ သို့ ခရီးသွားရောက်သည့် ခရီးသည် မှာ နှစ်စဉ် လူပေါင်း သန်း ၁၃၀ ကျော် အထိ ရှိပြီး ၎င်းတို့အနက် မြန်မာ နိုင်ငံ သို့ လာရောက်မှု က ၄ သိန်း ခန့်သာ ရှိခဲ့ကြောင်း ၊ ထို့ကြောင့် မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ခရီးသွား ဧည့်သည် အား ဦးတည်၍ ပရိုမိုးရှင်း လုပ်ငန်း များ တက်ကြွစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့်လည်း ခရီးသွားလုပ်ငန်း နှင့် သက်ဆိုင်သည့် လုံခြုံမှု ၊ ဝန်ဆောင်မှု အရည်အသွေး နှင့် အခြေခံအဆောက်အဦ များကို ပိုမို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပြီး တရုတ် နိုင်ငံ ခရီးသွား ဧည့်သည်များ မြန်မာ နိုင်ငံ သို့ ပိုမို လွယ်ကူစွာ လာရောက်လည်ပတ် နိုင်ရန် ဆောင်ရွက်ပေးလိုကြောင်း ၊ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း သက်ဆိုင်ရာ ကဏ္ဍအသီးသီး မှ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ နိုင်ငံ သို့ လာရောက်သည့် တရုတ် နိုင်ငံ ခရီးသွား ဧည့်သည်များ အရှိန်အဟုန်မြင့်မား စွာ တိုးတက်လာမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က အဖွင့်အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

CECCM ဟိုတယ် နှင့် ဝန်ဆောင်မှုလုပ်ငန်း အသင်းခွဲ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြား ပြောကြားနေစဉ်(ဆင်ဟွာ)

ထို့နောက် အခမ်းအနား တက်ရောက် ခဲ့ကြသည့် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း သက်ဆိုင်ရာ ကဏ္ဍ အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ က မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း နှင့် ပတ်သက်၍ အားသာချက် နှင့် အားနည်းချက်များ ၊ အရေးပေါ်အခြေအနေ ကြုံတွေ့ချိန်တွင် ဆောင်ရွက်သင့် သည့် အကြံပြုချက်များ ၊ လိုအပ်ချက်များ နှင့် အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် အကြံပြုချက် များကို တက်ကြွစွာ ဆွေးနွေး ဖလှယ် ခဲ့ကြသည်။(Xinhua)