Connect with us

Social

တရုတ်-မြန်မာ ချစ်ကြည်ရေး ပေါင်းကူး အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ရှိ တက္ကသိုလ် ၊ ဒီဂရီ ကောလိပ်တို့မှ ကျောင်းသား/သူ ၁၀၀ ဦးအား ၄ နှစ်တာ ပညာသင် စရိတ် ထောက်ပံ့

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား စီမံကိန်း အခမ်းအနားအား တွေ့ ရစဉ်(ဓာတ်ပုံ- CFPAMO)

ရန်ကုန် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး ပေါင်းကူး အစီအစဉ်(China-Myanmar Bridge of Friendship Project)ဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေတက္ကသိုလ် နှင့် တောင်ကုတ် ဒီဂရီ ကောလိပ်တို့မှ ကျောင်းသား/သူ ၁၀၀ ဦးအား ပညာသင်နှစ် (၄)နှစ်အတွက် ပညာသင်စရိတ်များအား ယနေ့မတ် ၁၀ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

China Foundation for Poverty Alleviation Myanmar Office(CFPA)မှ တာဝန်ယူ ဆောင်ရွက်သည့် တရုတ်မြန်မာ ချစ်ကြည်ရေး ပေါင်းကူး စီမံကိန်း”China-Myanmar Bridge of Friendship Project” အခမ်းအနားအား ယနေ့မတ် ၁၀ ရက်တွင် ရခိုင်ပြည်နယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်လွင်က ယခုစီမံကိန်းသည် မြန်မာနိုင်ငံအတွက် လူထူးလူချွန်များ မွေးထုတ် ပေးနိုင်မည်ဟု ယုံကြည်ပြီး စီမံကိန်းကိုလည်း ဆက်လက် အားပေးထောက်ခံသွားမည် ဖြစ်ပြီး ရခိုင်အစိုးရ အနေဖြင့် CFPA အား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး Mr.Yang Shou Zheng က တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို နောင်လာနောက်သားများအနေဖြင့် ဆက်လက် တည်တံ့ ခိုင်မြဲအောင် ကြိုးစားကြရန် ၊ ယခု စီမံကိန်းသည် ကျောင်းသားကျောင်းသူတို့၏ ပညာ သင်ကြားရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို အတက်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမယ့် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်ရှိ တက္ကသိုလ် နှင့် ဒီဂရီကောလိပ်မှ ကျောင်းသား/သူပေါင်း ၇၀၀ အား ပညာသင် ထောက်ပံ့စရိတ်များ ပေးအပ်နေပြီ ဖြစ်ပြီး အနာဂတ်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ အရေးပေါ် ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တယ်ရယ်ပျက်စီးမှုမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီသွားမည် ဖြစ်ပြီး အခြားအသင်းအဖွဲ့များနှင့်အတူ တရုတ်မြန်မာချစ်ကြည်ရေးအား ခိုင်မြဲအောင် လုပ်ဆောင်သွားမည်ဟု China Foundation for Poverty Alleviation Myanmar Office မှ Deputy Country Director Miss Lin Yuan က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ CFPA အဖွဲ့အစည်းသည် INGO အသင်းမှတ်ပုံတင်လက်မှတ်ကို ၂၀၁၅ ခုနှစ်တွင် တရားဝင် မှတ်ပုံတင်ခွင့် ရရှိသော ပထမဆုံး China INGO အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီဖြစ်ပွားပြီးနောက် အပြည်ပြည်ဆိုင်ရာ ရှေ့ပြေးစီမံကိန်းအား စတင်လုပ်ဆောင်ခဲ့ကြောင်း ၊ ၁၀ နှစ်ကျော်ခန့်တွင် ကမ္ဘာ့အနှံ့နိုင်ငံပေါင်း (၁၅) နိုင်ငံတွင် စီမံကိန်းများ လုပ်ဆောင်ခဲ့ရာ မြန်မာ၊ နီပေါ၊ အီဒီရီုးဗီးယား၊ ဆူဒန်နှင့် ကန်ဗောဒီးယား နိုင်ငံအသီးသီးတွင် ထောက်ပံ့ရေး စီမံကိန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။(Xinhua)