Connect with us

Social

မကွေးတိုင်းဒေသကြီး အတွင်း ရေရှားပါး ဒေသများသို့မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သောက်ရေသန့်များ သွားရောက် လှူဒါန်း

မကွေးတိုင်းဒေသကြီး အတွင်း ရေရှားပါး ဒေသများသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ချန်းချန် ဦးဆောင်သော အဖွဲ့မှ သောက်သုံးရေသန့်များ သွားရောက် လှုဒါန်းနေစဉ် (ဆင်ဟွာ)

မကွေး ၊ မေ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ဖြစ်သည့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေရှားပါး ဒေသများသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ချန်းချန် ဦးဆောင်သော အဖွဲ့သည် ယနေ့မေလ ၉ ရက်တွင် သောက်ရေသန့်များ သွားရောက် ပေးအပ် လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ချန်းချန် ဦးဆောင်သော အဖွဲ့သည် မကွေးတိုင်းဒေသကြီးသို့ ရောက်ရှိပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တွေ့ဆုံ၍ သောက်သုံးရေ အကူအညီပေးရေး ဆိုင်ရာ ကိစ္စများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

မကွေးတိုင်းဒေသကြီး အတွင်း ရေရှားပါး ဒေသများသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ချန်းချန် ဦးဆောင်သော အဖွဲ့မှ သောက်သုံးရေသန့်များ သွားရောက် လှုဒါန်းနေစဉ် (ဆင်ဟွာ)

သံမှူးကြီး ချန်းချန်က ရာသီဥတု ပြောင်းလဲမှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ နေရာတစ်ချို့တွင် ရေရှားပါးသည့် အခြေအနေများ အကြောင်း သတင်းရရှိ၍ လာရောက်ကူညီ အားပေးရခြင်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ပြည်သူအချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုမိုတိုးတက် စေလိုကြောင်း နှင့် ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများအား ရေရှည် အကူအညီ ပေးနိုင်မည့် အကြောင်းအရာများအား ဆွေးနွေး ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး အတွင်း ရေရှားပါး ဒေသများသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ချန်းချန် ဦးဆောင်သော အဖွဲ့မှ သောက်သုံးရေသန့်များ သွားရောက် လှုဒါန်းနေစဉ် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး အတွင်း ရေရှားပါး ဒေသများသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ချန်းချန် ဦးဆောင်သော အဖွဲ့မှ သောက်သုံးရေသန့်များ သွားရောက် လှုဒါန်းနေစဉ် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ယခုကဲ့သို့ ရေရှားပါးနေသည့် ကျေးရွာများကို လာရောက် လှူဒါန်းသည့်အတွက် ကျေးဇူးတင်ကြောင်း နှင့် ရေရှည်တွင် ကူညီထောက်ပံ့ ဆောင်ရွက်ပေးနိုင်မည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ယခု လှူဒါန်းမှုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္မဏီ ဖြစ်သည့် CNPC SEAP တို့ပူးပေါင်း စီစဉ်လှူဒါန်းခြင်း ဖြစ်ပြီး မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေရှားပါးမှု ကြုံတွေ့နေသည့် ကျေးရွာ ၁၀ ရွာသို့ သောက်ရေသန့်တာ လီတာ စုစုပေါင်း ၆၃၀၀၀ အား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သံမှူးကြီး ချန်းချန် ဦးဆောင်သော အဖွဲ့သည် ယနေ့မေလ ၉ ရက်တွင် မကွေးတိုင်းဒေသကြီး ၊ စကုမြို့နယ် ၊ ထနောင်းတော ကျေးရွာအုပ်စု အတွင်းရှိ ထနောင်းတော ကျေးရွာ ၊ တောဘိုကုန်း ကျေးရွာနှင့် ဦးယျာဉ်ဇင်ကျေးရွာများသို့ သွားရောက်၍ သောက်ရေသန့်များအား လှူဒါန်း ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ဒေသခံ ပြည်သူလူထုများနှင့် တွေ့ဆုံ၍ ကျေးရွာ ဖွံ့ဖြိုးရေး လိုအပ်ချက်များအပေါ် ကူညီပေးနိုင်ရေးတို့ကို တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ရေရှားပါးမှု ကြုံတွေ့နေရသည့် ဒေသများသို့သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဒလမြို့နယ်သို့မေလ ၃ ရက်နေ့တွင် လည်းကောင်း ၊ မန္တလေးမြို့အခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ မန္တလေးတိုင်း ဒေသကြီးအတွင်း ရေရှားပါးဒေသများသို့မေလ ၆ ရက်နေ့တွင် လည်းကောင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117