Connect with us

Social

ဆင်းရဲမှုလျှော့ချရေး စံပြရွာ စီမံကိန်းသို့ တရုတ်သံအမတ် သွားရောက်ကြည့်ရှု

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် မစ္စတာ ဟုန်လျန် နှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းတွင် ပါဝင်သော နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာ ကျေးရွာသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က ယနေ့ သွားရောက်ကြည့်ရှုခဲ့ပြီး ရွာသူရွာသားများအား သီတင်းကျွတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။

“တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေတဲ့ ဆင်းရဲမှု လျှော့ချရေး စီမံကိန်းဟာ အောင်မြင် မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒီစီမံကိန်းကြောင့် အေးချမ်းသာ ရွာသူရွာသားတွေ ချမ်းသာလာ ကြမယ်လို့ မျှော်လင့်ပါတယ်၊ ဒီရွာကနေ ရရှိလာမယ့် အောင်မြင်မှု အတွေ့အကြုံကောင်းတွေကို တခြား ကျေးရွာတွေမှာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ တရုတ်နိုင်ငံရဲ့ စီးပွား ဖွံ့ဖြိုး တိုး တက်မှု အတွေ့အကြုံတွေကို မြန်မာနိုင်ငံအတွက် မျှဝေပေးချင်ပါတယ်၊ နှစ်နိုင်ငံအကြားမှာ One Belt, One Road စီမံကိန်းကို ပူးပေါင်းဆောင်ရွက်နေပါတယ်၊ တရုတ် – မြန်မာ စီးပွားရေး စြင်္ကံ စီမံကိန်း ကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီစီမံကိန်းတွေကို ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများ ချမ်းသာလာမယ်လို့ မျှော်လင့်ပါတယ်” ဟု သံအမတ် ကြီးက ပြောခဲ့သည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှု လျှော့ချရေး ဗဟိုဌာန (IPRCC) တို့ ပူးပေါင်း ဆောင်ရွက်သည့် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း (China-aided Pilot Project of Poverty Reduction Cooperation in Myanmar)၏ အစီအစဉ်များတွင် ပါဝင်သော အဆိုပါ ကျေးရွာတွင် အဓိက လိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ်မီး၊ လမ်း၊ ရေတွင်း၊ ရေလှောင်ကန်၊ ဆေးခန်း၊ အများနှင့် ဆိုင်သော အဆောက်အအုံ စသည်တို့ ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၁၈ ဖေဖော်ဝါရီလမှ စပြီး ဆောင်ရွက်လျက် ရှိရာ ရှစ်လတာအတွင်း လမ်း၊ ရေတွင်း စသည့် လုပ်ငန်းအချို့နှင့် စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ သင်တန်းများ ပို့ချခြင်းတို့ကို စတင်နိုင်ခဲ့ကြောင်း၊ မြေပြင် အမှန်တကယ် လိုအပ်ချက်များအရ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းတိုင်းတာ တွက်ချက်ခြင်း၊ ဒီဇိုင်းများ အတည်ပြုခြင်းတို့ကို နေပြည်တော် ကောင်စီအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ အသေးစိတ် လုပ်ငန်းများကို ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက ဆင်ဟွာသို့ ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် မစ္စတာ ဟုန်လျန်နှင့် ဇနီးတို့က အေးချမ်းသာကျေးရွာအတွက် လက်ဆောင် ပစ္စည်းများ ပေးအပ်စဉ် (ဆင်ဟွာ)

အဆိုပါ စီမံကိန်းအရ စံပြကျေးရွာ နှစ်ရွာ (တပ်ကုန်းမြို့နယ်တွင် အေးချမ်းသာ ကျေးရွာ၊ လယ်ဝေး မြို့နယ်တွင် မင်းပြင် ကျေးရွာ)အား ရှေ့ပြေး စီမံကိန်းအဖြစ် စတင် ဆောင်ရွက်လျက်ရှိရာ မူကြိုနှင့် မူလတန်းကျောင်းများရှိ စာသင်ခန်း၊ စာသင်ခုံ စားပွဲ အစုံ ၃၀၀၊ဆရာ ဆရာမ နားနေခန်း၊ အိမ်သာ၊ ကျောင်း ခြံစည်းရိုး၊ ကျေးရွာ၏ အများစုဝေးရာ နေရာတွင် လျှပ်စစ်မီး ရရှိရေး၊ ၁၀၀၀ စတုရန်းမီတာ ကျယ်သော ရွာဈေး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်း၊ သင်တန်းခန်းမ၊ စာအုပ်စာတမ်း ထိန်းသိမ်းခန်း၊ အားကစားကွင်း၊ ခြံစည်းရိုး၊ စသည့် ကွင်းဆင်း တွက်ချက် အတည်ပြုထား သော လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဒုတိယ ညွှန်ကြား ရေးမှူးချုပ်က ပြောခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် မစ္စတာ ဟုန်လျန်နှင့် ဇနီးတို့က အေးချမ်းသာကျေးရွာအတွက် လက်ဆောင် ပစ္စည်းများ ပေးအပ်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် မစ္စတာ ဟုန်လျန်နှင့် ဇနီးတို့က အေးချမ်းသာကျေးရွာအတွက် လက်ဆောင် ပစ္စည်းများ ပေးအပ်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် မစ္စတာ ဟုန်လျန်နှင့် ဇနီးတို့က ဒေသခံရွာသူ၊ ရွာသားများအား လိုက်လံနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ရွာသူရွာသားများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးကိုယ်စား ဆန်၊ ဆီ အစရှိသည့် စားသောက်ဖွယ်ရာများ၊ ကျောင်းသုံးပစ္စည်းများကို သီတင်းကျွတ် လက်ဆောင်အဖြစ် ပေးလှူခဲ့ပြီး လက်ဆောင်ပေးလှူပွဲ အခမ်းအနားသို့ တက်ရောက် လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှု လျှော့ချရေး ဌာနခွဲ(ယူနန်ပြည်)မှ တဝန်ရှိသူများ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများ၊ ဒေသခံ ရပ်မိရပ်ဖများက အေးချမ်းသာ ကျေးရွာတွင် အကောင်အထည်ဖော်လျက်၇ှိသည့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းများကို လှည့်လည် ကြည့်ရှုခဲ့သည်။ (Xinhua)