Connect with us

NPC

တရုတ်နိုင်ငံက ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းအတွက် ကြိုဆို

၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကျုံးစန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဂျပန်နိုင်ငံ ပါဝင်လာသည့်အတွက် ကြိုဆိုကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကျုံးစန်းက မတ်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

“ခေတ်သစ်ပိုးလမ်းမကြီးက အားလုံးပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိပါတယ်” ဟု ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) နှစ်ပတ်လည် အစည်းအဝေးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံက ခေတ်သစ်ပိုးလမ်းမကြီးနှင့် ဆက်စပ်သော ကိစ္စရပ်များတွင် စိတ်ပါဝင်စားမှုကို ပြသခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အတွင်း ဂျပန်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကျုံးက ပြောကြားခဲ့သည်။ (Xinhua)