Connect with us

NPC

တရုတ်နိုင်ငံက လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်

၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေး၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်တွန်းအားပေးရန် ဝန်ကြီးဋ္ဌာနအသစ်တစ်ခုအား တရုတ်နိုင်ငံက ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အမျိုးသား ဥပဒေပြုလွှတ်တော်သို့ မတ်လ ၁၃ ရက်တွင် တင်သွင်းသော ပြုပြင်ပြောင်းလဲရေး စီမံကိန်းအရ သိရသည်။

အဆိုပါ ဝန်ကြီးဌာနအသစ်သည် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် ကျေးလက်နေပြည်သူများအတွက် မဟာဗျူဟာများ၊ စီမံကိန်းများနှင့် မူဝါဒများအား လေ့လာခြင်းနှင့် အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် ကောင်စီ သို့မဟုတ် အစိုးရအဖွဲ့၏ အဖွဲ့အစည်းဆိုင်ရာ ပြန်လည်ဖွဲ့စည်းခြင်း စီမံကိန်းအရ သိရသည်။

ထို ဝန်ကြီးဌာနသည် ကောက်ပဲသီးနှံ စိုက်ပျိုးခြင်း၊ စိုက်ပျိုးမွေးမြူခြင်း၊ ငါးဖမ်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် လယ်ယာထွက်ကုန် အရည်အသွေး စသည်တို့အား ထိန်းသိမ်းကြီးကြပ်သွားမည် ဖြစ်သည်။

လက်ရှိ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.