Connect with us
NPC
တရုတ်နိုင်ငံ ၁၃ ကြိမ်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယနှစ်ပတ်လည်အစည်းအဝေး ပြီးဆုံး
ပေကျင်း၊ မတ် (၁၅) ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားအား မတ်လ ၁၅ ရက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
ပိတ်ပွဲအခမ်းအနားကျင်းပရာ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမသို့တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့်တရုတ် နိုင်ငံခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေးတွင် ဥပ ဒေပြုလွှတ်တော်အမတ်များ က တရုတ်နိုင်ငံ၏ပထမဆုံးပြည်ပစုပေါင်းရင်းနှီးမြှုပ်နှံမှုဥပဒေကိုသဘော တူလက်ခံခဲ့ကြခြင်းဖြင့် အဆင့်မြင့်တံခါးဖွင့်ဝါဒ၏ အဆင့်သစ်တစ်ခုသို့ တိုးတက်ဆောင်ရွက်ရန်တရုတ် နိုင်ငံ၏ ခိုင်မာသောဆုံးဖြတ်ချက်ကို ပြသခဲ့ကြသည်။
တရုတ်နိုင်ငံ ၁၃ ကြိမ်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယနှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားကျင်းပနေစဉ်။(ဆင်ဟွာ)
တရုတ်နိုင်ငံ ၁၃ ကြိမ်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယနှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားကျင်းပနေစဉ်။(ဆင်ဟွာ)
ဥပဒေပြုလွှတ်တော်အမတ်များကအစိုးရ၏လုပ်ငန်းအစီရင်ခံစာနှင့် အမျိုးသားပြည်သူ့ကွန်ဂရက်၊ပြည် သူ့တရားရုံးချုပ်၊ပြည်သူ့ရှေ့နေချုပ် ရုံးများ၏လုပ်ငန်းအစီရင်ခံစာများကိုလည်းအတည်ပြုခဲ့သည်။ထို့ပြင်လွှတ်တော်အမတ်များက အမျိုးသားစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစီမံချက်များ၊ ဗဟိုအ စိုးရနှင့်ဒေသခံအစိုးရများ ၏ ဘတ်ဂျက်အသုံးစရိတ်များအပေါ်အစီရင်ခံစာများကိုလည်းဆုံးဖြတ်ချက် များချမှတ်ခဲ့ကြကာ အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဝင် Zhang Rongshun ၏ အ နားယူမှုကိုလည်းအတည်ပြုခဲ့ကြသည်။(Xinhua)
Continue Reading
Click to comment
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.