Connect with us

Europe

ကုလသမဂ္ဂ အကြီးအကဲက ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် ကတိပြု၊ အရပ်သားများအား အကာအကွယ်ပေးရန် တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres ) အား နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ အီသီယိုးပီးယားနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-- Loey Felipe/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခအတွက် အဖြေရှာရန် လက်လျှော့မည်မဟုတ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များကိုလည်း အရပ်သားများအား ပိုမိုကာကွယ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဖေဖော်ဝါရီ ၂၅ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ယူကရိန်းအရေး လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကုလသမဂ္ဂ ထိပ်တန်းခေါင်းဆောင်က “ကျွန်တော်တို့ ဘယ်တော့မှ လက်မလျှော့ဘူး” ဟု ပြောကြားခဲ့သည်။

“ငြိမ်းချမ်းအတွက် ကျွန်တော်တို့ နောက်ထပ်အခွင့်အလမ်းပေးမယ်။ စစ်သားတွေလည်း သူတို့ရဲ့ စစ်တန်းလျားများသို့ ပြန်ဖို့လိုအပ်တယ်။ ခေါင်းဆောင်တွေအနေနဲ့လည်း တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ဘက်ကိုလှည့်ဖို့လိုအပ်တယ်’’ ဟု ၎င်းကဆိုသည်။
စစ်ဆင်ရေးဆိုင်ရာစိန်ခေါ်မှုများ ကြီးထွားလာနေသည့်ကြားမှ ကုလသမဂ္ဂအနေဖြင့် နှစ်ဖက်စလုံးအား ဆက်သွယ်ခဲ့ပြီး အသက်ကယ်ဆယ်ရေး အကူအညီများ တိုးမြှင့်ပေးပို့လျက်ရှိသည်ဟု ၎င်းက အာမခံခဲ့သည်။

“ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာပြီး ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့ တခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်နေသူတွေရဲ့ ဘေးကင်းမှုနဲ့ လွတ်လပ်စွာ သွားလာခွင့်ကို အာမခံချက်ပေးရပါမယ်။ အထူးသဖြင့် ဒီလိုပဋိပက္ခဖြစ်နေတဲ့ အခိုက်အတန့်မှာ ကုလသမဂ္ဂဟာ တစ်ကမ္ဘာလုံးက သောင်းနှင့်ချီတဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက်ဖြစ်တယ်ဆိုတာ သတိရဖို့အရေးကြီးပါတယ်” ဟု ဂူတာရက်စ် က ပြောသည်။ (Xinhua)

……………………………………
(English Version)
UN chief pledges solution to Russia-Ukraine conflict, urges protection of civilians
UNITED NATIONS, Feb. 25 (Xinhua) — United Nations (UN) Secretary-General Antonio Guterres said Friday that the world body will not give up on finding a solution to the Russia-Ukraine crisis, while calling on conflicting parties to better protect civilians.
Speaking to journalists after the Security Council meeting on Ukraine, the top UN official said that “we must never give up.”
“We must give peace another chance. Soldiers need to return to their barracks. Leaders need to turn to the path of dialogue and peace,” he said.
Despite growing operational challenges, he assured that the United Nations is expanding the delivery of life-saving assistance on both sides of the contact line.
“All concerned in this conflict must respect international humanitarian law and guarantee the safety and freedom of movement of UN staff and other humanitarians. Especially in a moment like this, it is important to remember that the UN … is tens of thousands of women and men around the world,” said Guterres. Enditem
Photo-United Nations Secretary-General Antonio Guterres addresses the Security Council meeting on Ethiopia at the UN headquarters in New York, Oct. 6, 2021. (Loey Felipe/UN Photo/Handout via Xinhua)