Connect with us

Europe

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ Melitopol မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီဟုဆို

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်မြို့ရှိ မြို့ပြင်အထွက်လမ်းကြောင်းကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ Melitopol မြို့ကို ရုရှားစစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားမရိန်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် Azov လူနေရပ်ကွက်အတွင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် Melitopol မြို့သို့ ချီတက်ခဲ့သည်။ ထို့နောက် ခုခံမှုမရှိဘဲ ရုရှားစစ်တပ်က Melitopol မြို့အတွင်းဝင်ရောက်လာခဲ့ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

ရုရှားလေတပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ယူကရိန်းရှိ Chernobyl နျူကလီးယားဓာတ်အားပေးစက်ရုံဧရိယာကို ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် ယူကရိန်း နျူကလီးယားဓာတ်အားပေးစက်ရုံကာကွယ်ရေးတပ်ရင်းမှ စစ်သည်များနှင့် အဆိုပါဓာတ်အားပေးစက်ရုံအား အတူကာကွယ်ရေး သဘောတူညီမှုရရှိခဲ့သည်။ ထို့ပြင် ရုရှားစစ်တပ်က ယူကရိန်းမြို့တော် ကိဗ်ကို အနောက်ဘက်မှ ပိတ်ဆို့ခြင်း ပြီးစီးခဲ့ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်း စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများအား ပစ်မှတ်တိကျမှု မြင့်မားသည့် လက်နက်ဖြင့် ပစ်ခတ်ချေမှုန်းခဲ့ကြောင်းနှင့် ရုရှားသည် ယူကရိန်းမြို့များသို့ အမြောက် သို့မဟုတ် လေကြောင်း တိုက်ခိုက်မှု ပြုမည်မဟုတ်သောကြောင့် အရပ်သားများအတွက် အန္တရာယ်ဖြစ်စေမည်မဟုတ် ဟု ယခင်က ပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)
(乌克兰局势)俄国防部:俄军已完全控制乌城市梅利托波尔
2022-02-26 15:04:40 分类: 军事
新华社莫斯科2月26日电(记者华迪)俄罗斯国防部26日发布消息称,俄武装部队已经完全控制了乌克兰东南部城市梅利托波尔。
消息称,25日晚,俄罗斯海军陆战队在亚速居民区登陆后行进,前往梅利托波尔。随后,俄罗斯军队进入梅利托波尔,未遭遇抵抗。
根据俄国防部25日通报,俄空降兵24日已完全控制乌克兰的切尔诺贝利核电站地区,并与乌方核电站保护营军人就共同保障核电站设施达成协议。此外,俄军已从西侧完成对乌克兰首都基辅的封锁。
俄国防部此前强调称,乌军事设施遭到高精度武器打击,但俄武装部队不对乌城市进行炮击或空袭,不会威胁到平民。(完)