Connect with us

Africa & Middle East

ကာ့ဒ်တပ်ဖွဲ့များ နှင့် သဘောတူညီချက်ရယူပြီး ဆီးရီးယားတပ်ဖွဲ့များ အက်ဖရင်းဒေသသို့ ဝင်ရောက်လာ

ဆီးရီးယားနိုင်ငံ ရှိ အက်ဖရင်းဒေသအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ မှ ထိုးစစ်ဆင်လျက်ရှိသော အက်ဖရင်းဒေသသို့ ဆီးရီးယားစစ်တပ် ဝင်ရောက်ခွင့် နှင့် ပတ်သက်သော သဘောတူညီချက် တစ်ခုကို ဆီးရီးယားစစ်တပ် နှင့် ကာ့ဒ်တပ်ဖွဲ့တို့ ပြုလုပ်ခဲ့ကြောင်း သတင်းတစ်ခုက ဖေဖော်ဝါရီ ၁၈ရက်တွင်ဖော်ပြခဲ့သည်။

ဆီးရီးယားစစ်တပ်သည် အက်ဖရင်းဒေသသို့ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဝင်ရောက်မည်ဖြစ်ကြောင်း ကာ့ဒ်တပ်မှူး တစ်ဦးဖြစ်သည့် Sheikho Blo ၏ ပြောကြားချက်ကို ကိုးကား၍ Rudaw Kurdish ၏ သတင်းဋ္ဌာနခွဲတစ်ခုက ဖော်ပြခဲ့သည်။

အက်ဖရင်းဒေသ၌ ဆီးရီးယားအစိုးရ ပါဝင်နေခြင်းသည် စစ်ရေးအရ သာဖြစ်ပြီး နိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကိစ္စရပ်များ မပါဝင်သေးကြောင်း သတင်း၌ပါရှိသည်။

Blo က ဆီးရီးယားစစ်တပ်အား အက်ဖရင်းနှင့် တူရကီ အကြား နယ်စပ်ဧရိယာများတွင် ဖြန့်ကျက်ထားမည်ဖြစ်ပြီး အက်ဖရင်းဒေသ၏ မြို့လယ်ခေါင်သို့ ဝင်ရောက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယား လူအခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ က ဆီးရီးယားစစ်တပ် နှင့် ကာ့ဒ်တပ်ဖွဲ့များ အကြား ပြုလုပ်ခဲ့သော သဘောတူညီချက်သည် ဇန်နဝါရီ ၂၀ ရက်ကစတင်ခဲ့သော တူရကီစစ်တပ်၏ အက်ဖရင်းထိုးစစ်ဆင်မှုကို တားဆီးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဗြိတိန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့က နှစ်ဖက် အကြား အက်ဖရင်းဒေသအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ နှင့် အဆိုပါဧရိယာအတွင်း ကာ့ဒ်စစ်သွေးကြွများ၏ လက်နက်များ နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ဆီးရီးယား စစ်တပ် နှင့် ကာ့ဒ်ကာကွယ်ရေးတပ်ဖွဲ့ က အဆိုပါ သဘောတူညီချက် နှင့်ပတ်သက်သော သတင်းများ အပေါ် မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။

တူရကီနိုင်ငံသည် YPG ကာ့ဒ်တပ်ဖွဲ့အား ဖြုတ်ချရန်အတွက် အက်ဖရင်းဒေသသို့ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ YPG ကာ့ဒ်တပ်ဖွဲ့ အား တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် တိုက်ပွဲဝင်လျက်ရှိသော ကာ့ဒ်အလုပ်သမားများပါတီနှင့် ဆက်စပ်နေသည့် အကြမ်းဖက်အုပ်စုအဖြစ် တူရကီနိုင်ငံက သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.