Connect with us

Africa & Middle East

ဂါဇာကမ်းမြောင် ရှိ ဟားမတ်စ်တို့၏ စခန်းအား အစ္စရေးစစ်တပ်တိုက်ခိုက်

ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးဘက်သို့ ဒုံးကျည်ဖြင့် ပစ်ခတ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျေရုဆလင်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းဘက်မှ အစောပိုင်းကာလတွင် အစ္စရေးဘက်သို့ ဒုံးကျည်တစ်ခုဖြင့် ပစ်ခတ်ခဲ့သော်လည်း အစ္စရေးပိုင်နက်ထဲသို့ မရောက်ရှိဘဲ ပျက်ကျသွားပြီးနောက် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ စစ်စခန်းအား အောက်တိုဘာ ၈ရက်တွင် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ က ဒုံးကျည်တစ်စင်းမှာ အစ္စရေးဘက်သို့ပစ်ခတ်ခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ ဂါဇာကမ်းမြောင် ဒေသအတွင်း ပျက်ကျသွားခဲ့ကြောင်း ပြောကြားခဲ့ပြီး ၎င်းဒုံးကျည်သည် အစ္စရေးတောင်ပိုင်း၌ ကျရောက်ပေါက်ကွဲခဲ့သည်ဟူသော စစ်တပ်၏ ကနဦးထုတ်ပြန်ချက်ကို ဖြည့်စွက်ပြောဆိုခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ဒုံးကျည်ပစ်ခတ်မှုသည် အစ္စရေးနိုင်ငံသားများ နှင့် အစ္စရေး၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ခြိမ်းခြောက်စော်ကားခြင်းဖြစ်၍ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ တင့်ကားတစ်စီးက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တပ်ဖွဲ့၏ လေ့လာစောင့်ကြည့်ရေးစခန်းတစ်ခုကို ပစ်မှတ်ထား ဖျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးဘက်သို့ ထိုးဖောက်ဝင်ရောက်လာသော မည်သည့်တိုက်ခိုက်မှုကိုမဆို ဟားမတ်စ်အဖွဲ့က တာဝန်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်ခတ်မှုများအတွက် ဟားမတ်စ်တပ်ဖွဲ့တွင် တာဝန်ရှိသည်ဟု အစ္စရေးဘက်က အမြဲတစေပြောဆိုခဲ့သော်လည်း အချို့သော ဒုံးကျည်ပစ်ခတ်မှုများသည် ဂါဇာဒေသတွင် ဟားမတ်စ်တပ်ဖွဲ့၏ စည်းကမ်းချက်များကို ဆန့်ကျင်သည့် အစွန်းရောက် ဆာလာဖီအုပ်စုများ၏ လက်ချက်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.