Connect with us

Africa & Middle East

တန်ဇန်းနီးယားတွင် ဝိတိုရိယရေကန်ထဲသို့ ဘတ်စ်ကားပြုတ်ကျရာ လူ ၁၂ဦးသေဆုံး

တန်ဇန်းနီးယားတွင် ယခင်ကမတော်တဆမှု ဖြစ်ပွားခဲ့သည့် ဘတ်စ်ကားတစ်စီး အားတွေ့ရစဉ် (ဆင်ဟွာ)

တန်ဇန်းနီးယား၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ မွမ်ဇာဒေသရှိ ဝိတိုရိယ ရေကန်ထဲသို့ အောက်တိုဘာ ၉ ရက်တွင် မီနီဘတ်စ်တစ်စီး ပြုတ်ကျခဲ့ရာ အခင်းဖြစ်ပွားရာ၌ပင် လူ ၁၂ဦးသေဆုံးခဲ့ပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

မွမ်ဇာဒေသရဲမှူးကြီး Ahmed Msangi က ကီဂိုဂို ဖယ်ရီဘတ်စ်ကားသည် ဆန်ဂီရီမာခရိုင် မှ မွမ်ဇာမြို့သို့ မောင်းနှင်လာစဉ် အာဖရိကတိုက်တွင် အကြီးဆုံးဖြစ်သည့် ဝိတိုရိယရေကန်ထဲသို့ ပြုတ်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။

Msangi က ခရီးသည် ၂ဦးပျောက်ဆုံးနေပြီး ၎င်းတို့သည် တန်ဇန်းနီးယားနိုင်ငံ၊ ကင်ညာနိုင်ငံ နှင့် ယူဂန္ဓာနိုင်ငံတို့ နှင့် ထိစပ်နေသော ရေကန်အတွင်းသို့ ပြုတ်ကျသွားခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ပျောက်ဆုံးနေသည့် ခရီးသည်များကို ရှာဖွေရန် ရဲတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တန်ဇန်းနီးယား သမ္မတ ဂျွန်မာဂူဖူလီ က မွမ်ဇာဒေသမဟာမင်းကြီး ဂျွန်မွန်ဂယ်လာ နှင့် သေဆုံးသူများ၏ မိသားစုဝင်များထံ ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.