Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ ဟာဆာကပြည်နယ်ရှိ ကာ့ဒ်သူပုန်များတပ်စွဲထားရာ ရေနံမြေများသို့ ဆီးရီးယားစစ်တပ် ရောက်ရှိ

ဆီးရီးယားနိုင်ငံ ဟာဆာကပြည်နယ်တွင် စစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့သည့် ကာ့ဒ်သူပုန်များ တပ်စွဲထားရာ ရေနံမြေများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဆီးရီးယားစစ်တပ်က နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံအရှေ့မြောက်ပိုင်း ဟာဆာကပြည်နယ် ကျေးလက်ဒေသရှိ ရေနံမြေများဖြင့် ကြွယ်ဝသောနယ်ပယ်သစ်၌ တပ်ဖြန့်ထားခဲ့ကြောင်း၊ တူရကီနယ်စပ်အနီး ကာ့ဒ်သူပုန်များ တပ်စွဲရာနယ်မြေသို့ ဆီးရီးယားစစ်တပ်၏ အလုံးစုံတပ်ဖြန့်မှုအတွင်း နောက်ဆုံးတပ်ရွေ့လျားမှုလည်းဖြစ်ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီနှင့် သတင်းရင်းမြစ်တစ်ရပ်က ဆင်ဟွာသို့ ပြောခဲ့သည်။

စစ်တပ် တပ်ဖွဲ့ဝင်များသည် ဆီးရီးယားမြောက်ပိုင်း တူရကီနယ်စပ် ၆၀ ကီလိုမီတာတွင် တပ်ဖြန့်ခဲ့ကြောင်း၊ ဆီးရီးယားစစ်တပ် ဝင်ရောက်ခဲ့ရာ Qamishli မြို့နှင့် Rmelan နယ်မြေအကြား ဒေသမှာ ဟာဆာကကျေးလက်ဒေသရှိ ရေနံနှင့် ဓာတ်ငွေ့မြေများ ကြွယ်ဝရာနေရာ ဖြစ်သည်။

၂၀၁၂ ခုနှစ်ကတည်းက ဆုံးရှုံးခဲ့ရသည့် အဆိုပါ ရေနံမြေများသို့ ပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားစစ်တပ် ဝင်ရောက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောခဲ့သည်။

“ကျွန်တော်တို့တွေ ဆီးရီးယား-တူရကီနယ်စပ် Qamishli မြို့ကနေ Qahtaniyeh မြို့ဆီ တပ်ဖြန့်ထားပါတယ်။ ပြီးတော့ ဒီတပ်ဖြန့်မှုက အရေးပါလှတဲ့ ရေနံနဲ့ ဓာတ်ငွေ့မြေတွေ တည်ရှိမှုကြောင့် အလွန်အရေးကြီးပါတယ်” ဟု အထက်ပါ အရာရှိက ဆိုသည်။

ဆီးရီးယားစစ်တပ်အနေဖြင့် အသစ်ဝင်ရောက်ထားခဲ့သော နယ်မြေများ၌ နေရာများပေါင်းစည်းသွားမည် ဖြစ်ကြောင်း နောက်ထပ် စစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ယခုလတ်တလော ဆီးရီးယားစစ်တပ် ဝင်ရောက်ခဲ့ရာနေရာကို ၂၀၁၂ ခုနှစ်ကတည်းက ကာ့ဒ်သူပုန်တပ်ဖွဲ့များက ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.