Connect with us

Africa & Middle East

ဆီးရီးယားအစိုးရက စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာရန် နှိုးဆော်

ဆီးရီးယားစစ်ဘေးရှောင်ပြည်သူများ နေရပ်မြေသို့ပြန်လာပြီး ဆွေမျိုးများနှင့် တွေ့ဆုံ စဉ်(ဆင်ဟွာ )

ဒမတ်စကပ်စ် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာရန်နှင့် ပြန်လာသည့်အရပ်သားပြည်သူများ၏ လုံခြုံရေး နှင့်လူနေမှုလိုအပ်ချက်များကို အာမခံကြောင်း ဆီးရီးယားအစိုးရက ဇူလိုင်လ ၃ ရက်တွင် မီဒီယာများမှ တစ်ဆင့် နှိုးဆော်ခဲ့သည်။

ဆီးရီးယားစစ်တပ်သည် အကြမ်းဖက်များ ထိန်းချုပ်ထားသည့် နယ်မြေအများစုကို ပြန်လည် သိမ်းပိုက် ပြီးဖြစ်ပြီး လက်ရှိ စစ်ရေးလှုပ်ရှားမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အဆက်မပြတ် တိုးတက် လျက်ရှိရာ စစ်ဘေးရှောင်ပြည်သူများ နေရပ်ကို ပြန်လာနိုင်ပြီဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆီးရီးယားသတင်းအေဂျင်စီများကို ပေးပို့ထားသည့် ကြေညာချက်တွင် ဖော်ပြထား ကြောင်း သိရသည်။

ဆီးရီးယားအစိုးရက အရပ်သားပြည်သူများ၏လုံခြုံရေးကို တာဝန်ယူပေးမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံ၊ ကျောင်းပညာသင်ကြားရေး၊ ဆေးဝါးကုသရေးနှင့် နေ့စဉ်လိုအပ်ချက်များကို အကူအညီပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဆီးရီးယားအစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီထောက်ပံ့ပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

ပြည်တွင်းစစ် ၇ နှစ် ကြာ ဖြစ်ပွားခဲ့ရာ ဆီးရီးယားအရပ်သားပြည်သူ သန်းနှင့်ချီပြီး စစ်ဘေးရှောင်ထွက်ပြေးခဲ့ရကြောင်း ၊၎င်းတို့အနက် ၅.၆ သန်း ကျော်က ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ စာရင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.