Connect with us

Africa & Middle East

ဆီးရီးယားအရှေ့ပိုင်းတွင် အမေရိကန် ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၃၅ဦးသေဆုံး

ဆီးရီးယားနိုင်ငံ ဒေသတစ်ခုတွင် အမေရိကန် ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမက်စကက်စ်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ရှိ ဧရိယာများတွင် မေလ ၂၅ ရက်က အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၃၅ဦးသေဆုံးခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေး အုပ်စု တစ်ခု က ဖော်ပြခဲ့သည်။

Deir al-Zour ပြည်နယ် အစွန်အဖျား Mayadeenမြို့ရှိ ISစစ်သွေးကြွတို့ ထိန်းချုပ်ထားသော ဧရိယာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဆီးရီးယားဆိုင်ရာ လူအခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကပြောကြားခဲ့သည်။

ထို့မတိုင်ခင် တစ်နေ့ကလည်း စောင့်ကြည့်ရေးအဖွဲ့ က IS တို့ ကြီးစိုးရာ မြောက်ပိုင်းမြို့ဖြစ်သည့် Raqqaမြို့တွင် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အရပ်သား ၁၆ဦးသေဆုံးခဲ့ပြီး နာရီအနည်းငယ်အကြာတွင် Raqqaမြို့ အစွန်အဖျားရှိ မိုင်းများ ပေါက်ကွဲမှုကြောင့် အရပ်သား ၁၅ဦးထပ်မံသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

Raqqaမြို့ နှင့် Deir al-Zourပြည်နယ်တို့သည် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစု ၏ ပစ်မှတ် ဖြစ်ခဲ့ပြီး ယင်းတပ်ပေါင်းစု က Raqqaမြို့စွန် နှင့် Deir al-Zourပြည်နယ် အနီးရှိ ဧရိယာများမှ IS စစ်သွေးကြွတို့ တိုက်ထုတ်နေသည့် ကာ့ဒ်လူမျိုးစုများ ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF) ကို ကျောထောက်နောက်ခံပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.