Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အတွင်းရှိ တပ်ဖွဲ့ဝင် အချို့ အား ရုရှား နိုင်ငံ အစိုးရ မှ ပြန်လည် ရုပ်သိမ်း

ရုရှား နိုင်ငံ ၏ လေကြောင်း S-400 လေကြောင်း ကာကွယ်ရေး ဒုံးကျည် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဗလာဒီဗော့စ်တော ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အလယ်ပိုင်းဒေသ စစ်ဌာနချုပ် ၏ ဒီဇင်ဘာ ၂၄ ရက် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက်အရ ဆီးရီးယား နိုင်ငံ အတွင်းရှိ တပ်ဖွဲ့ဝင်ပေါင်း ၁၅၀ ကျော် ပါရှိသည့် တပ်ဖွဲ့ တစ်ဖွဲ့ က ဆီးရီးယား နိုင်ငံ အတွင်း တာဝန်ဆောင်ရွက်ပြီး သွားသောကြောင့် ရုရှား နိုင်ငံ သို့ ပြန်လည်ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက်တွင် ပြန်လည်ရုပ်သိမ်း ခဲ့သည့် ရုရှား နိုင်ငံ တပ်ဖွဲ့ က လေကြောင်း ကာကွယ်ရေး ဒုံးကျည် တပ်ဖွဲ့ ဖြစ်ပြီး ပြီးခဲ့သည့် ၃ လတာ ကာလ အတွင်း ဆီးရီးယား နိုင်ငံ တွင် ရုရှား နိုင်ငံ တပ်စခန်းအား ကာကွယ်ရေး တာဝန်များ ဆောင်ရွက်ခဲ့ကြောင်း ပါဝင် ခဲ့သည်။ယခုနှစ်ဆန်းပိုင်းတွင် ဆီးရီးယား နိုင်ငံ အတွင်းရှိ ရုရှား နိုင်ငံ တပ်စခန်းများ ကို မောင်းသူမဲ့လေယာဉ်များဖြင့် မကြာခဏ တိုက်ခိုက်ခြင်း ခံခဲ့ရပြီး ရုရှား နိုင်ငံ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ က မောင်းသူမဲ့လေယာဉ်များအား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့သည်။၂၀၁၅ ခုနှစ် စက်တင်ဘာလ တွင် ဆီးရီးယား နိုင်ငံ အစိုးရ ၏ ဖိတ်ကြားချက်အရ ရုရှား နိုင်ငံ က ဆီးရီးယား နိုင်ငံ အတွင်း အစွန်းရောက်ဝါဒ အင်အားစု များကို စတင်တိုက်ခိုက်မှု ဆောင်ရွက် ခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တွင် ရုရှား နိုင်ငံ သမ္မတ ပူတင် က ဆီးရီးယား နိုင်ငံ မှ တပ်ဖွဲ့များ စတင်ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာ ခဲ့ပြီး ဆီးရီးယား နိုင်ငံ အခြေစိုက် ရုရှား နိုင်ငံ လေတပ် နှင့် ရေတပ် စခန်းရှိ တပ်ဖွဲ့များအား ဆက်လက်ထားရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)