Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်းတွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၀ ကျော် သေဆုံး

ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည့် ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ် Idlib မြို့အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဒမတ်စကပ်စ် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ်တွင် ဇန်နဝါရီ ၇ ရက်နေ့ ညပိုင်း အချိန်၌ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ တန်နှင့်ချီသော ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ တင်ဆောင်ထားသည့် ကားတစ်စင်း ကို Idlib ပြည်နယ် မြို့တော်ရှိ ကုန်တိုက်တစ်ခု၏ ရှေ့တွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုကြီးဖြစ်ပွား ခဲ့ပြီး အနီးပတ်ဝန်းကျင် တွင်လည်း သေနတ် ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ကြောင်း ၊ ဖောက်ခွဲမှု ဖြစ်ပွား ခဲ့သည့် နေရာ သည် Caucasus တပ်ဖွဲ့ ၏ အမည်ရသည့် လက်နက်ကိုင်တပ်ဖွဲ့ တည်ရှိရာနေရာ အနီးတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့၏ မိသားစုဝင် များစွာ တည်ရှိကြောင်း သိရှိရသည်။

လန်ဒန်မြို့ရှိ ဆီးရီးယား လူအခွင့်အရေး လေ့လာရေး အဖွဲ့အစည်း ၏ ထုတ်ပြန်ချက်အရ ဗုံးဖောက်ခွဲမှု ကြောင့် သေဆုံးသူ အများစု မှာ လက်နက်ကိုင် အဖွဲ့အစည်း ၏ တပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး ယင်းလက်နက်ကိုင် တပ်ဖွဲ့သည် Idlib ပြည်နယ် ရှိ Tahrir al-Sham လက်နက်ကိုင် တပ်ဖွဲ့၏ မဟာမိတ် ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း မှ ဆောင်ရွက်ခဲ့ကြောင်း ကြေညာခြင်းမရှိသေးပါ။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.