Connect with us

Africa & Middle East

တရားမဝင်ရွှေ့ပြောင်းသူပေါင်း (၃၀၀) ဦးခန့် အား လစ်ဗျား နိုင်ငံ အနောက်ပိုင်း ပင်လယ်ပြင်တွင် ကယ်ဆယ်

လစ်ဗျား ကမ်းခြေစောင့်တပ် က ၂၀၁၇ ခုနှစ် တွင် တရားမဝင်ရွှေ့ပြောင်းသူများ အား ကယ်ဆယ် ခဲ့စဉ်(ဆင်ဟွာ)

တူနီးရှား ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

လစ်ဗျား နိုင်ငံ အနောက်ပိုင်း ပင်လယ်ပြင် တွင် ဇန်နဝါရီ ၇ ရက်နေ့၌ တရားမဝင်ရွှေ့ပြောင်းသူ ၂၉၇ ဦး ကို ကယ်တင် နိုင်ခဲ့ပြီး သေဆုံးခဲ့သည့် ရုပ်အလောင်း ၂ လောင်း ကို တွေ့ရှိခဲ့ကြောင်း လစ်ဗျာ နိုင်ငံ ရေတပ် ထုတ်ပြန်ချက်အရ သိရှိရသည်။

လစ်ဗျား နိုင်ငံ ရေတပ် ပြောရေး ဆိုခွင့်ရှိသူ က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် လစ်ဗျား နိုင်ငံ ရေတပ် ၏ ကမ်းခြေစောင့်တပ် သင်္ဘော တစ်စင်း က နိုင်ငံ အနောက်ပိုင်း ၁၀ ကီလိုမီတာ အကွာအဝေး ပင်လယ်ပြင်တွင် တရားမဝင် ရွှေ့ပြောင်း သူများကို တွေ့ရှိခဲ့ပြီး ၎င်းတို့က ဖောင်နှစ်စင်းဖြင့် ကူးပြောင်း နေခဲ့ခြင်း ဖြစ်ကြောင်း ၊ ဖောင်တစ်စင်း တွင် သေဆုံး နေသည့် အမျိုးသမီး နှစ်ဦး တွေ့ရှိခဲ့ပြီး တစ်ဦး မှာ ကိုယ်ဝန်ဆောင် တစ်ဦး ဖြစ်ကြောင်း ၊ သေဆုံး ခဲ့သည့် အကြောင်းရင်း အနေဖြင့် ဖောင်များတွင် လူများစွာ တင်ဆောင်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။

လစ်ဗျား နိုင်ငံ မြို့တော် Tripoli အရှေ့ဘက် ၅၀ ကီလိုမီတာ ခန့်အကွာအဝေး ရှိ ကာရာဘူရီ မြို့သည် တရားမဝင် ရွှေ့ပြောင်း သူများ စတင်ထွက်ခွာရာ အဓိက နေရာ တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ် မှ စတင်၍ လစ်ဗျား နိုင်ငံ လုံခြုံရေး အခြေအနေ ဆိုးရွားလာသဖြင့် ကမ်းခြေထိန်းသိမ်းစောင့်ရှောက်မှု ပျက်ယွင်းလာခဲ့သောကြောင့် လစ်ဗျား နိုင်ငံ သည်လည်း တရားမဝင် ရွှေ့ပြောင်း သူများ၏ ဥရောပ နိုင်ငံများသို့ ဝင်ရောက်ရန် ကြားခံတည်နေရာ တစ်ခု ဖြစ်လာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.