Connect with us

Africa & Middle East

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ အရေးပေါ်အစားအစာအကူအညီများ ပေးအပ်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အရေးပေါ်အစားအစာအကူအညီများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် သံအမတ်ကြီး Wang Yu နှင့် ဝန်ကြီး Ghulam Bahaudin Jailani တို့က သဘောတူညီချက်အပြန်အလှန်လွှဲပြောင်းလက်ခံစဉ် (ဆင်ဟွာ)

ကဘူးလ် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ အရေးပေါ်အစားအစာအကူအညီ အသုတ်တစ်သုတ်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းအကူအညီအား အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Wang Yu က အာဖဂန်နစ္စတန်နိုင်ငံ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီး Ghulam Bahaudin Jailani ထံ ဧပြီ ၂၅ ရက်တွင် ကဘူးလ်မြို့၌ ပြုလုပ်သော အခမ်းအနားတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အရေးပေါ်အစားအစာအကူအညီများ လွှဲပြောင်းပေးအပ်သော အခမ်းအနားတွင် ဝန်ကြီး Ghulam Bahaudin Jailani က သဘောတူညီချက် လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း ၊ မိတ်ဆွေကောင်း ၊ မိတ်ဖက်ကောင်းများ ဖြစ်ကြပြီး အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှု နှင့် အပြန်အလှန် ကူညီမှုအား အမြဲထိန်းသိမ်းခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Wang Yu က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အရေးပေါ်အစားအစာအကူအညီများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ဝန်ကြီး Ghulam Bahaudin Jailani က အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ) 

လတ်တလောနှစ်များအတွင်း တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံသို့ အစားအစာအကူအညီ တန် ၁၃,၀၀၀ ကျော်အား ထောက်ပံ့ပေးခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံအနှံ့ ပြည်သူသန်းပေါင်းများစွာ အကျိုးပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ အသုတ်ပေါင်းများစွာ ထောက်ပံ့ခဲ့ကြောင်း နှင့် မကြာမီတွင် ကာကွယ်ဆေးများ လှူဒါန်းသွားမည် ဖြစ်ကြောင်း သံအမတ်ကြီး Wang Yu က ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် တရုတ်နိုင်ငံအနေဖြင့် တရုတ်ကုမ္ပဏီများအား အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးတွင် တတ်ကြွစွာ ပါဝင်ရန် တိုက်တွန်းကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ(Belt and Road) တည်ဆောက်ရေးတွင် တရုတ်-အာဖဂန်နစ္စတန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုသည် နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေလိမ့်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်သည် အရေးပါပြီး အရေးကြီးသော အဆင့်တွင် ရှိကြောင်း ၊ တရုတ်နိုင်ငံသည် “အာဖဂန်ဦးဆောင်သော အာဖဂန်ကိုယ်ပိုင်”အခြေခံမူ ကို အမြဲ ထောက်ခံခဲ့ကြောင်း နှင့် အာဖဂန်နစ္စတန်နိုင်ငံအား ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ကူညီပံ့ပိုးရန် နိုင်ငံတကာအသိုက်အဝိုင်းနှင့်အတူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Wang Yu က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီး Jailani က တရုတ်နိုင်ငံ၏ အချိန်မီ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ထိုကဲ့သို့သော အကူအညီများသည် နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိသော ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက ထောက်ပံ့ပေးသော အစားအစာများအား လိုအပ်နေသော အာဖဂန်နစ္စတန်နိုင်ငံ ပြည်သူများသို့ ပွင့်လင်းမြင်သာမှု နှင့် မျှတမှုတို့ဖြင့် တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေသွားရန် ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်-အာဖဂန်နစ္စတန် နှစ်နိုင်ငံတို့သည် အနာဂတ်ကာလတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်တွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် မျှော်လင့်ရကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ (Xinhua)

————————————————-
(English Version

China hands over emergency food assistance to Afghanistan

KABUL, April 26 (Xinhua) — China has handed over a batch of emergency food assistance to Afghanistan.
The assistance was handed over to Afghan State Minister for Disaster Management Ghulam Bahaudin Jailani by Chinese Ambassador to Afghanistan Wang Yu during a ceremony in Kabul on Sunday.

Wang said China and Afghanistan are good neighbors, friends and partners who have always maintained good-neighborly friendship and mutual assistance.
China has provided more than 13,000 tons of food aid to Afghanistan in recent years, benefiting millions of people across the country, Wang said.

To fight COVID-19, China has provided several batches of medical supplies to Afghanistan and will donate vaccine doses soon, the ambassador noted.
Meanwhile, China encourages Chinese companies to actively participate in the economic reconstruction of Afghanistan, so that the achievement of China-Afghanistan cooperation in building the Belt and Road will benefit the people of both countries, he added.

At present, the Afghan peace and reconciliation process is at the critical and important stage. China has always supported the “Afghan-led and Afghan-owned” principle, and will work with the international community to support and help Afghanistan for a better future, Wang said.

Jailani expressed his gratitude to China’s timely assistance, saying such aid represented the long-standing friendship between the two countries. He also pledged to distribute the food provided by China to the Afghans in need as soon as possible in a transparent and fair manner.
It is hoped that the two countries will continue to deepen cooperation in the humanitarian field in the future, Jailani added. ■