Connect with us

Africa & Middle East

တူနီးရှား ငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် သင်္ဘောသား ၁၁ ဦးကယ်ဆယ်နိုင်၊ မာလိန်မှူးပျောက်ဆုံး

တူနီးရှား ငါးဖမ်းသင်္ဘောတစ်စင်းတွင် အလုပ်လုပ်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

တူးနစ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းပြင်ပ၌ ငါးဖမ်းသင်္ဘောနစ်စင်း နစ်မြုပ်ခဲ့ရာ သင်္ဘောသား ၁၁ ဦးအား ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ကြောင်း တူနီးရှား အကောက်ခွန်ဦးစီးဌာနက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

“၁၂ ဦးမြောက်ဖြစ်တဲ့ မာလိန်မှူးဖြစ်သူကတော့ ပျောက်ဆုံးနေဆဲပါပဲ။ ရှာဖွေရေးတွေလည်း လုပ်ဆောင်နေပါတယ်” ဟု အကောက်ခွန်ဦးစီးဌာနက ကြေညာချက်တွင် ပြောကြားထားသည်။အဆိုပါ သင်္ဘောသည် Sfax ပြည်နယ်ရှိ Kerhennah ကျွန်း၏ မြေထဲပင်လယ်ကမ်းရိုးတန်းမှ မိုင် ၄၀ (၆၄ ကီလိုမီတာ) ခန့်အကွာတွင် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်ကဖြစ်ပွားခဲ့သည့် သင်္ဘောနစ်မြုပ်မှုအား စုံစမ်းစစ်ဆေးနေသည်ဟု Sfax ပြည်နယ်တရားရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် မော်ရတ်တာကီ (Mourad Turki) က ဆိုသည်။တာဝန်ရှိသူများ၏အဆိုအရ ကယ်ဆယ်ခံရထားသည့် သင်္ဘောသားများအားလုံး အခြေအနေတည်ငြိမ်လျက်ရှိပြီး ပျောက်ဆုံးနေသည့် မာလိန်မှူးရှိမည့်နေရာကို ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ (Xinhua)