Connect with us

Africa & Middle East

တောင်အာဖရိကနိုင်ငံတွင် ဘတ်စ်ကားတိုက်မှုကြောင့် လူ ၈ ဦး သေဆုံး

တောင်အာဖရိနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိပ်တောင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ တောင်ပိုင်း ကိပ်တောင်းမြို့အရှေ့ဘက် ၃၀၀ ကီလိုမီတာနီးပါးအကွာ၌ သြဂုတ်လ ၃၀ ရက်တွင် ဘတ်စ်ကားတစ်စီး တိုက်မိခဲ့ရာ လူ ၈ ဦးသေဆုံးပြီး အခြားသူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အပျက်အစီးများအကြား၌ ခရီးသည်များ ပိတ်မိနေသေးသည့်အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း နိုင်ငံ အနောက်ပိုင်း Cape ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ Kenny Africa က ပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ အဆိုပါ ဘတ်စ်ကားသည် ကိပ်တောင်းမြို့မှ Beaufort West သို့ သွားနေခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုများသည် တောင်အာဖရိနိုင်ငံတွင် နေ့စဉ်ဖြစ်ပွားလေ့ရှိပြီး ပျမ်းမျှ တစ်နှစ်လျှင် အမှု ၇၀၀,၀၀၀ ကျော် ဖြစ်ပွားကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် ကလေး ၃ ဦးသေဆုံးနေကြောင်း လမ်းအန္တရာယ် စီမံခန့်ခွဲမှု ကော်ပိုရေးရှင်းထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.