Connect with us

Africa & Middle East

တောင်အာဖရိကနိုင်ငံ၌ တစ်ရက်အတွင်း ပစ်ခတ်မှုများစွာဖြစ်ပွား ၊ လူ ၁၁ ဦး သေဆုံး

ကိပ်တောင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံရဲတပ်ဖွဲ့၏ မေလ ၁၆ ရက်ပြောကြားချက်အရ နိုင်ငံမြို့တော် ကိပ်တောင်းတွင် မေလ ၁၅ ရက်၌ သေနတ်ပစ်ခတ်မှုများစွာဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးသေဆုံးကာ ၇ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ကိပ်တောင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ ကိပ်တောင်းမြို့ Khayelitsha ဒေသတွင် မေလ ၁၅ ရက်၌ သေနတ်ပစ်ခတ်မှုများစွာဖြစ်ပွားခဲ့ကြောင်း ၊ ယင်းနေ့နံနက်ပိုင်းတွင် ပထမ တစ်ကြိမ် သေနတ်ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ သေဆုံးသူထံတွင် သေနတ်ဒဏ်ရာများစွာတွေ့ရကြောင်း ၊ ယင်းနေ့ ညနေပိုင်းတွင် သေနတ်ပစ်ခတ်မှု နောက်တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းပစ်ခတ်မှုသည် ပထမသေနတ်ပစ်ခတ်မှုနှင့် ဆက်စပ်မှု ရှိသည်ဟု ယုံကြည်ရကြောင်း ၊ ဒုတိယ ပစ်ခတ်မှုတွင် ဆိုမာလီနိုင်ငံသား တစ်ဦးသေဆုံးခဲ့ရပြီး အခြား ဆိုမာလီနိုင်ငံသားတစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် မကြာမီမှာပင် အဆိုပါပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးတွင် အမျိုးသား ၃ ဦး ထပ်မံ ပစ်သတ်ခံခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန်ချက်အရ Khayelitsha ဒေသရှိ ကုန်စုံဆိုင်တစ်ခုတွင်လည်း ယင်းနေ့ညနေပိုင်း၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ဦးက အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း ၊ ဆိုမာလီနိုင်ငံသား နှစ်ဦးသည် ကုန်စုံဆိုင်အနီးတွင် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ၊ သေနတ်ပစ်ခတ်မှုများကြောင့် လူအများအပြားပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရပြီး ဒဏ်ရာရရှိသူများအနက် ၂ ဦးမှာ ဆေးရုံ၌ ကုသမှုခံယူနေစဉ် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်အရ အခင်းဖြစ်ပွားရာဒေသတွင် ဒေသတွင်းရဲတပ်ဖွဲ့ က အင်အားတိုးချဲ့ချထားမှုများဆောင်ရွက်ထားပြီး သေနတ်ပစ်ခတ်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ၊ Western Cape ပြည်နယ် ယာယီ ရဲတပ်ဖွဲ့မှူး က ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများကို ခြေရာခံစုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေပြီး Khayelitsha ဒေသတွင် လုပ်ရှားနေကြသည့် ဒုစရိုက်အဖွဲ့များကို စစ်ဆေးချက်အရ ၎င်းတို့သည် သေနတ်ပစ်ခတ်မှုများနှင့် ဆက်နွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကိပ်တောင်းမြို့သည် တောင်အာဖရိကနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ယင်းမြို့၏ အချို့ဒေသများသည် ကာလရှည်ကြာစွာ ဒုစရိုက်ဂိုဏ်းများ၏ ထိန်းချုပ်မှုအောက်တွင်ရောက်ရှိနေကာ တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။ (Xinhua)

———————————————–
(Chinese Version)

(国际)南非开普敦发生多起枪击事件致11人死亡

新华社开普敦5月16日电(记者吕天然)南非警方16日说,该国立法首都开普敦一地区15日发生多起枪击事件,造成11人死亡、7人重伤。
开普敦所在的西开普省警方在一份声明中说,开普敦卡耶利查地区15日发生多起枪击事件。当天上午发生的第一起枪击事件导致一名男子死亡,死者身上有多处枪伤。当天下午发生的第二起枪击事件据信与第一起有关联,造成一名索马里人死亡、一名索马里人重伤。此后又有3名男子在不远处被枪杀。
此外,卡耶利查地区一间杂货店当天下午发生枪击事件,造成两名男子当场死亡,另有两名索马里人在杂货店附近遭枪击身亡。这几起枪击事件造成多人重伤,其中两名伤者在送到医院后不治身亡。
据报道,当地警方已在事发区域加强警力部署,并对枪击事件展开调查。西开普省代理警察总监滕比西莱•帕特基莱说,警方正在追踪嫌疑人,并调查在卡耶利查地区活动的敲诈勒索团伙,不排除他们与枪击事件有关联。
开普敦是南非立法首都,该市一些地区长期被黑帮控制,暴力事件频发。(完)

Photo
3月31日,在南非约翰内斯堡,警察和士兵在街上巡逻.新华社发(耶希尔 摄)