Connect with us

Africa & Middle East

ဒေသတွင်း ရာသီဥတု အခြေအနေကို ပြောင်းလဲပစ်ရန် ယူအေအီးတွင် တောင်အတု ဖန်တီးမည်

ယူအေအီးနိုင်ငံ ဒူဘိုင်းရှိ ထန်းပင်တန်း လူလုပ်ကျွန်းတု အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၆ ရက် (ဆင်ဟွာ)

အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင် နိမ့်ကျလာခြင်းကြောင့် မိုးခေါင်ရေရှားမှု ဖြစ်ပေါ်နေရာ ၎င်းပြဿနာကို ဖြေရှင်းရန် နည်းလမ်းကောင်းတစ်ရပ် တွေ့လုနီးပါး ဖြစ်နေပြီဟု သိရသည်။

UAE နိုင်ငံ၌ လူလုပ်တောင်တန်း တစ်ခု ဖန်တီးပြီး တောင်ထိပ်တွင် လေတိုက်စဉ် တိမ်အတု ဖန်တီးကာ မိုးရွာသွန်းအောင် ပြုလုပ်စေမည့် နည်းလမ်းဖြစ်သည်။ ၎င်းသည် ဒူဘိုင်းရှိ လူလုပ်ကျွန်းများကဲ့သို့ သေးငယ်သော ပထဝီဝင် အနေအထား ပုံစံချင်း အာလားသဏ္ဍန် တူညီသော်လည်း တောင်အတု ဖန်တီးခြင်းတွင် ကွဲပြားခြားနားသော အကြောင်းတရား တစ်ခု ရှိနေသည်။

တောင်တု တည်ဆောင်ရေး အဖွဲ့သည် တောင်အရွယ်အစား နှင့်နေရာကောင်း ရရှိရေး အတွက် မည်သည့် နေရာ ၊ မည်သည့် အရွယ်အစား တည်ဆောက်သွားမည်ကို စဉ်စားနေကြဆဲ ဖြစ်သည်။ သို့သော် လုပ်ငန်း ပြီးမြောက်မှုသည် ငွေကြေးနှင့် အင်ဂျင်နီယာ လိုအပ်ချက်ပေါ်တွင်လည်း မူတည်နေသည်ဟု ဆိုသည်။

အကယ်၍ တောင်အတု တည်ဆောက်ရေးသည် ချောချောမောမော ပြီးမြောက်သွားမည် ဆိုပါက ၎င်းသည် ဒေသတွင်း ရာသီဥတု ပြောင်းလဲရေးအတွက် ပြုလုပ်သော အကြီးဆုံး စီမံကိန်း တစ်ခု ဖြစ်လာမည်ဟု ဆိုသည်။ (Xinhua)