Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် ရှရုားသင်္ဘောသားတစ်ဦး နှင့် သင်္ဘောတစ်စီးအား ပင်လယ်ဓါးပြများကပြန်ပေးဆွဲ

နိုင်ဂျီးရီးယား ရေတပ် မှ စစ်သင်္ဘောတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ တောင်ဘက်စွန်းတွင် တည်ရှိသည့် ဘွန်နီ (Bonny) ကျွန်း ကမ်းရိုးတန်းအလွန်တွင် ရုရှားနိုင်ငံသားတစ်ဦး နှင့် အတူ ထောက်ပံ့ရေး သင်္ဘောတစ်စီးအား ပင်လယ်ဓါးပြများကပြန်ပေးဆွဲခဲ့ကြောင်း နိုင်ဂျီးရီးယား ရေတပ်က ဖေဖော်ဝါရီလ ၂၄ရက်နေ့က ပြောကြားခဲ့သည်။

အမည်မသိ ရုရှားနိုင်ငံသား သင်္ဘောသားတစ်ဦး နှင့် နိုင်ဂျီးရီးယားနိုင်ငံသား သင်္ဘောသားတစ်ဦးကို MV BOURBON သင်္ဘောနှင့်အတူ ပင်လယ်ဓါးပြများက ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အစောပိုင်းတွင် ပြန်ပေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း အဘူဂျာ မြို့ရှိ နိုင်ဂျီးရီးယား ရေတပ်ဌာနချုပ် ၏ တရားဝင်ထုတ်ပြန်ချက်အရသိရသည်။

ထုတ်ပြန်ချက်တွင် သင်္ဘောအား ရေတပ်မှ နိုင်ဂျီးရီးယားနိုင်ငံ၊ ဘာရယ်ဆာ (Bayelsa) ပြည်နယ်၊ နိုင်ဂျာ (Niger) မြစ်ဝကျွန်းပေါ်ဒေသ ရှိ ဘရစ် (Brass) မြို့မှ ရေမိုင် ၅၅မိုင် အကွာအဝေးတွင် ပြန်လည်သိမ်းဆည်း ရရှိခဲ့သော်လည်း ဓါးစာခံများအား ရေတပ်မရောက်ရှိခင် ပင်လယ်ဓါးပြများက ခေါ်ဆောင်သွားသောကြောင့် ကယ်ဆယ်နိုင်ခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသည်။

နိုင်ဂျီးရီးယား ရေတပ် က ဓါးစာခံသင်္ဘောသားများ၏ တည်နေရာကို သိရှိနိုင်ရန် ကြိုးစားအားထုတ်နေကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၅ရက်ကလည်း နိုင်ဂျီးရီးယား ရေတပ်သည် ဆီတင်သင်္ဘောနှင့် ၎င်းတွင်လိုက်ပါလာသည့် သင်္ဘောဝန်ထမ်းများကို Sao Tome ကျွန်းများအနီးတွင် ပင်လယ်ဓါးပြများလက်မှကယ်တင်ခဲ့ရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.