Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ ဘုရားကျောင်းအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ဝတ်ပြုသူ ၂၁ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံက ဆေးရုံကား တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံမှ ရေနံပေါများစွာ ထွက်ရှိသည့် Rivers ပြည်နယ်တွင် ဇန်နဝါရီလ ၁ ရက် အစောပိုင်းက သန်းခေါင်ယံ ဝတ်ပြုဆုတောင်းပွဲမှ ပြန်လာသူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ဝတ်ပြုဆုတောင်းသူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဦးက ဇန်နဝါရီလ ၂ ရက်တွင်ပြောကြားခဲ့သည်။

Rivers ပြည်နယ် Ogba-Egbema-Ndono နယ်မြေရှိ ဘုရားကျောင်းတွင် ဇန်နဝါရီလ ၁ ရက်အစောပိုင်းက နှစ်သစ်ကူး ဆုတောင်းရာတွင် ကြိုဆိုဧည့်ခံရေးတာဝန်ယူထားသော ဝတ်ပြုသူအဖွဲ့အား သေနတ်သမားက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ဂျီးရီးယား ပင်လယ်ရေကြောင်း စီမံခန့်ခွဲမှုနှင့် ဘေးကင်းလုံခြုံရေးဋ္ဌာန ဋ္ဌာနမှူး Dakuku Peterside က ပြောကြားခဲ့သည်။

သေနတ်သမားများသည် ယင်းဒေသရှိ ဘာသာရေး အစွန်းရောက်အဖွဲ့ဝင်များဖြစ်သည်ဟု သံသယရှိကြောင်း Peterside က ပြောခဲ့သည်။

ဘုရားကျောင်းမှ ပြန်လာသူများအား သေနတ်သမားက လက်လွတ်စပယ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

လူထုအကြား သေနတ်ပစ်ခတ်မှုအား ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်ပြီး သေနတ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Omondi Nnamdi က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.