Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာ ၁၁ ရွာ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အနည်းဆုံး ၈၆ ဦး ရှိ

ဘိုကိုဟာရမ်(Boko Haram)တို့ဝင်ရောက်စီးနင်းခဲ့သည့် Yobeပြည်နယ်ရှိ စာသင်ကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

အာဘူဂျာ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း Plateauပြည်နယ်ရှိ ကျေးရွာ ၁၁ ရွာကို ဇွန် ၂၃ရက်က အမည်မသိ လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးသူ အနည်းဆုံး ၈၆ ဦး၊ ဒဏ်ရာ အပြင်းအထန်ရသူ ၆ ဦးရှိကြောင်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ဇွန် ၂၄ တွင် အတည်ပြုပြောကြားခဲ့သည်။

Plateauပြည်နယ်ရှိ Razat၊ Ruku၊ Kura အပါအဝင် ကျေးရွာ ၁၁ ရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံး ဒဏ်ရာရမှုများအပြင် နေအိမ်နှင့်မော်တော်ယာဉ်အချို့ပျက်စီးခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Plateauပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Tyopev က ဆိုသည်။

Plateauပြည်နယ်အုပ်ချုပ်ရေးမှူးSimon Lalongက ကျေးရွာဒေသလုံခြုံရေးများတိုးမြင့်ချထားရန် ဒေသခံ လုံခြုံရေးဌာနများကို ညွှန်ကြားထားကြောင်း ၊ ထို့အပြင် လက်ရှိ တိုက်ခိုက် ခံရသော နေရာများတွင် ပြည်နယ်စိုးရက ညမထွက်အမိန့်ထုတ်ထားကြောင်း သိရသည်။

Plateauပြည်နယ်သည် နိုင်ဂျီးရီးယားနိုင်ငံရှိ မတူကွဲပြားသည့် ဘာသာရေးနှင့် လူမျိုးစုများ ရောနှော နေထိုင်ရာနေရာတစ်ခုဖြစ်သောကြောင့် ပဋိပက္ခများမကြာခဏဖြစ်ပွားလေ့ရှိသည်။ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း မှစ၍ ဘိုကိုဟာရမ်(Boko Haram)အစွန်းရောက်အဖွဲ့အစည်းက ၎င်းဒေသကို မကြာခဏ ဝင်ရောက် တိုက်ခိုက်မှုများပြုလုပ်သောကြောင့် လုံခြုံရေးအခြေအနေ ဆိုးဝါးလျက်ရှိကြောင်း သိရ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.