Connect with us

Africa & Middle East

နိုင်ဂျီးရီးယား ရှိ မိန်းကလေး ကောလိပ်တစ်ခုအား ဘိုကိုဟာရမ်တို့ တိုက်ခိုက်

နိုင်ဂျီးရီးယားနိုင်ငံရှိ ဘိုကိုဟာရမ် စစ်သွေးကြွများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Muhammadu Buhari က ယခုရက်သတ္တပတ်အစောပိုင်း တွင် မိန်းကလေးကောလိပ်တစ်ခု အား ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စု က တိုက်ခိုက်ခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးရန် ၎င်း၏ အစိုးရအဖွဲ့ဝင် သုံးဦးအား ဖေဖော်ဝါရီ ၂၁ရက်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီး Mansur Dan-Ali၊ နိုင်ငံခြားရေးဝန်ကြီး Geoffrey Onyeama၊ သတင်းအချက်အလက် နှင့် ယဉ်ကျေးမှု ဝန်ကြီး Lai Mohammed တို့အား နိုင်ငံ အရှေ့မြောက်ပိုင်း Yobe ပြည်နယ်၊ Dapchi ရွာသို့ သွားရောက်ကာ ဖေဖော်ဝါရီ ၁၉ရက် တွင် အစိုးရ မိန်းကလေး နည်းပညာကောလိပ် တိုက်ခိုက်ခံရမှု နှင့် ပတ်သက်၍ သတင်းအချက်အလက်များရယူရန် ညွှန်ကြားထားကြောင်း Mohammed က သတင်းထောက်များအားပြောကြားခဲ့သည်။

ဝန်ကြီး က သမ္မတ သည် စစ်တပ် နှင့် အခြား လုံခြုံရေးတပ်ဖွဲ့ဝင်များအား အဆိုပါ ကောလိပ်အား ချက်ချင်းထိန်းချုပ်ပြီး ပျောက်ဆုံးနေသော ကျောင်းသူများကို ကယ်ဆယ်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ကျောင်းသူ ၄၆ဦး ပျောက်ဆုံးနေပြီး အခြားသတင်းများအရ အနည်းဆုံး ကျောင်းသူ၁၃ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၄နှစ် ခန့်ကလည်း ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့သည် Yobeပြည်နယ် အနီး Borno ပြည်နယ် Chibok မြို့ ရှိ မိန်းကလေး အလယ်တန်းကျောင်း တစ်ကျောင်းမှ မိန်းကလေး ၂၇၆ဦးအား ပြန်ပေးဆွဲခဲ့ပြီး အစိုးရ နှင့် ဘိုကိုဟာရမ်စစ်သွေးကြွများ အကြား ညှိနှိုင်းမှုများ ဆောင်ရွက်နေစဉ်အတွင်း မိန်းကလေး ၁၀၇ဦးသာလျှင် ပြန်လည် ကယ်ဆယ် (သို့) ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

ဘိုကိုဟာရမ်စစ်သွေးကြွအုပ်စုသည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် အစ္စလာမ်နိုင်ငံ တည်ထောင်ရန် ၂၀၀၉ခုနှစ်ကတည်းက ကြိုးစားခဲ့ပြီး လူပေါင်း ၂၀,၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကာ လူဦးရေ သန်းနှင့် ချီ၍ နေရာရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.