Connect with us

Africa & Middle East

နျူကလီးယား သဘောတူညီချက်တွင် အမေရိကန် ပြန်လည်ပါဝင်မှ တွေ့ဆုံဆွေးနွေးမည်ဟု အီရန် သမ္မတ ရိုဟာနီက ပြောကြား

အီရန်နိုင်ငံသမ္မတ ရိုဟာနီအား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အီရန်-အမေရိကန် ပြန်လည်တွေ့ဆုံဆွေးနွေးရန်မှာ နျူကလီးယား သဘောတူညီချက်တွင် အမေရိကန် ပြန်လည်ပါဝင်ရမည်ဖြစ်ပြီး ဆွေးနွေးမှုများကို သဘောတူညီချက်မူဘောင်အတွင်းတွင်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အီရန်သမ္မတ ရိုဟာနီက သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်က အီရန်နျူကလီးယား သဘောတူညီချက်တွင် ပြန်လည်ပါဝင်ရမည်ဖြစ်ပြီး ယခင်လမ်းကြောင်းမှားကို ပြင်ဆင်ကာ အီရန်၏ တရားဝင်အခွင့်အလမ်းအကျိုးစီးပွားကို လက်ခံရမည်ဖြစ်ကြောင်း IRNA သတင်းအေဂျင်စီက ရိုဟာနီ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

အခြေအနေများ တိုးတက်ပြောင်းလဲလာရန်မှာ အမေရိကန်တွင် မူတည်ကြောင်း ၊ အမေရိကန်အနေဖြင့် လက်ရှိ အီရန်ကို ဦးတည်သည့် ပိတ်ဆို့မှုများ မဖျက်သိမ်းပါက နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်လာမည်မဟုတ်ကြောင်း ရိုဟာနီက ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.