Africa & Middle East
မာလီနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုကြောင့် အရပ်သား ၃၇ ဦး သေဆုံး
ဗာမာကို ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)
မာလီနိုင်ငံ အလယ်ပိုင်း ကျေးရွာတစ်ခုကို ဇန်နဝါရီ ၁ ရက်က လက်နက်ကိုင်များဝင်ရောက် တိုက်ခိုက် ရာ အရပ်သား ၃၇ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လက်နက်ကိုင်လူတစ်စုသည် ဇန်နဝါရီ ၁ရက် နံနက်ပိုင်းက မာလီနိုင်ငံ အလယ်ပိုင်း Mopti ဒေသ Bankassမြို့အနီးတွင် Fulaniလူမျိုးစုများနေထိုင်ရာ ကျေးရွာကို ဝင်ရောက်တိုက်ခိုက်ရာ အရပ်သား ၃၇ ဦး သေဆုံးခဲ့ပြီး အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာချက်အရ သိရသည်။
မာလီအစိုးရက အလယ်ပိုင်းဒေသရှိ လူမျိုးစုများအား အချင်းချင်း ပဋိပက္ခမဖြစ်ပွားရန် ထိန်းထိန်း သိမ်းသိမ်းနေကြရန် တိုက်တွန်းပြောဆိုထားသည်။
ယခုနှစ်ပိုင်းများတွင် မာလီနိုင်ငံအလယ်ပိုင်းဒေသ၌ လူမျိုးစုများအကြား ပဋိပက္ခဖြစ်ပွားမှုများသည် ပိုမို ဆိုးဝါးလာကြောင်း ၊ အဓိကအားဖြင့် မွေးမြူရေးဖြင့်အသက်မွေးဝမ်းကျောင်းပြုကြသည့် Fulani လူမျိုးစုများနှင့် လယ်ယာလုပ်ငန်းလုပ်ဆောင်သည့် Bambara ၊Dogonလူမျိုးစုများအကြား ပဋိပက္ခဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)