Connect with us

Africa & Middle East

အီဂျစ် နှင့် ဆော်ဒီ ပါဝင် သည့် နိုင်ငံများ က ရေကြောင်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်

အီဂျစ် နိုင်ငံ နှင့် စပိန် နိုင်ငံ ရေကြောင်း ပူးပေါင်း စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိုင်ရို ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က အီဂျစ် နိုင်ငံ ရေတပ် သင်္ဘောများ အနေဖြင့် ဇန်နဝါရီ ၁ ရက် တွင် ဆော်ဒီအာရေဗျ နိုင်ငံ သို့ ရောက်ရှိမည် ဖြစ်ပြီး ဆော်ဒီအာရေဗျ ၊ ဂျော်ဒန် ၊ ယီမင် ၊ ဂျီဘူဒီ နှင့် ဆူဒန် စသည့် နိုင်ငံများ နှင့် အတူတကွ ရေကြောင်း ပူးပေါင်း စစ်ရေး လေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာအရ ယခု အကြိမ် ပူးပေါင်းစစ်ရေး လေ့ကျင့်မှု ပြုလုပ်ရသည့် ရည်ရွယ်ချက် မှာ ရေကြောင်း ပူးပေါင်း စစ်ဆင်ရေး အစီအစဉ် နှင့် စီမံခန့်ခွဲမှု စွမ်းရည် အား မြှင့်တင် နိုင်စေရန် အတွက် ဖြစ်ကြောင်း ၊ စစ်ဘက်ဆိုင်ရာ အရာရှိများ ၏ နည်းပညာ စွမ်းရည် နှင့် အခြေအနေ အမျိုးမျိုး အောက်တွင် အဆင့်မြင့် ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နိုင်စေရန် အတွက် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် အီဂျစ် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် အတူတကွ စိန်ခေါ်မှုများကို ရင်ဆိုင်သွားရန် နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် သက်ဆိုင်ရာ နိုင်ငံ များနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် တက်ကြွစွာ ဆောင်ရွက်ခဲ့ကြောင်း အထူး ထည့်သွင်း ဖော်ပြခဲ့သည်။

အီဂျစ် နိုင်ငံ အနေဖြင့် တစ်နှစ်တာ ကာလ အတွင်း အမေရိကန် ၊ ပြင်သစ် ၊ ဗြိတိန် ၊ အီတလီ ၊ ဆော်ဒီအာရေဗျ ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု ၊ ဘာရိန်း နှင့် ကူဝိတ် စသည့် နိုင်ငံ များနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ် ခဲ့ပြီး ကြည်း ၊ ရေ ၊ လေ နှင့် အထူးတပ်ဖွဲ့ စသည် တို့ ပါဝင် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.