Africa & Middle East
မော်ရိုကိုသည် အမေရိကန်နိုင်ငံမှ ကန်ဒေါ်လာ ၃.၇၈ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ဝယ်ယူမည်

ရာဘတ်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံ သည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃.၇၈၇ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ဝယ်ယူမည်ဖြစ်ကြောင်း မော်ရိုကိုငွေကြေးသတင်းဝက်ဘ်ဆိုက် Medias24.com က မတ် ၂၅ ရက်တွင်ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ ကာကွယ်ရေး နှင့် လုံခြုံရေးကော်ပိုရေးရှင်းအေဂျင်စီ၏ မတ် ၂၅ရက် အစောပိုင်းထုတ်ပြန်ချက်အရ အဆိုပါ ဝယ်ယူမှုစာချုပ်တွင် F-16/D Block 72 လေယာဉ် ၂၅စီး နှင့် ဆက်စပ် ကိရိယာများ ပါဝင်ကြောင်း သိရသည်။
မော်ရိုကိုနိုင်ငံ၌ လက်ရှိတွင် F-16လေယာဉ် ၂၃စီး ပိုင်ဆိုင်ထားကြောင်း သိရသည်။ (Xinhua)