Connect with us

Africa & Middle East

ယီမင်ရှိ လမ်းမိုင်း ၂,၀၂၀ကျော်ကို ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့ ဖယ်ရှားပေးခဲ့

ယီမင်နိုင်ငံရှိ ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့မှ မိုင်းရှင်းလင်းရေးအဖွဲ့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ယီမင်တွင်ဖြစ်ပွားနေသော စစ်ပွဲတစ်ခုတွင် ပါဝင်သည့် ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့ သည် ယီမင်နိုင်ငံ၏ ပိုင်နက်နယ်မြေ အတွင်းမှ လမ်းမိုင်း ၂,၀၂၀ ကျော်ကို ဖယ်ရှားပေးခဲ့သည်ဟု အောက်တိုဘာ ၁၆ရက်က ကြေညာခဲ့ကြောင်း Al AKhbariya ပြည်တွင်းရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

ညွှန့်ပေါင်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Turki Al Maliki က ယင်းလမ်းမိုင်းများ ဖယ်ရှားခြင်းသည် MASAM စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ယီမင်နိုင်ငံရှိ လမ်းမိုင်းများဖယ်ရှားခြင်းဆိုင်ရာ ဆော်ဒီစီမံကိန်းကို ၂၀၁၈ခုနှစ် နှစ်လယ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး မိုင်းများ နှင့် အခြားပေါက်ကွဲစေတတ်သော ပစ္စည်းများ အပါအဝင် မပေါက်ကွဲသေးသည့် အမြောက်ဆံများကို ဖယ်ရှားသွားရန် ရည်ရွယ်ကြောင်း သိရသည်။

MASAM စီမံကိန်းသည် ဆော်ဒီဘုရင် ဆယ်လ်မန် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ နှင့် ပြန်လည်ထူထောင်ရေးစင်တာ မှ အမေရိကန်ဒေါ်လာ သန်း၄၀ဖြင့် အစပျိုးဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းသည် လွန်ခဲ့သည့် ၁၂လအတွင်း ဟူသီသူပုန်များ ချန်ရစ်ခဲ့သော မိုင်းဗုံးများကို ဖယ်ရှားရန် နှင့် ယင်းသို့ ပြုလုပ်နိုင်ရန် ယီမင်ကျွမ်းကျင်သူ အယောက် ၄၀၀ အား လေ့ကျင့်ပေးရန်ဖြစ်ကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူ က ယီမင်တွင် ၂၀၁၅ခုနှစ်မှ စ၍ စစ်ပွဲဖြစ်ပွားခဲ့စဉ်ကတည်းက ဟူသီသူပုန်များသည် ဆော်ဒီနိုင်ငံအား ပစ်မှတ်ထား၍ ဒုံးကျည် ၂၀၅စင်းပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် စစ်သွေးကြွများသည် ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေအား လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်ရန် အရပ်သားများကို လူသားဒိုင်းများအဖြစ်အသုံးပြုကြောင်း ၎င်းက ပြစ်တင်ပြောဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.