Connect with us

Africa & Middle East

ရေနံရောင်းအားနှင့်ပတ်သက်၍ ထရမ့်နှင့် ဆော်ဒီဘုရင်တို့ ဆွေးနွေး

- အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆယ်လ်မန် ဘစ် အဗ္ဗဒူလာဇစ် အယ် ဆော့ဒါတို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယတ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆယ်လ်မန် ဘစ် အဗ္ဗဒူလာဇစ် အယ် ဆော့ဒါ (Salman bin Abdulaziz AL Saud) နှင့် ရေနံဈေးကွက် တည်ငြိမ်ရေးအတွက် ရေနံရောင်းအားနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၉ ရက်က တယ်လီဖုန်းဖြင့် ပြန်လည်ဆွေးနွေးသုံးသပ်ခဲ့ကြောင်း ဆော်ဒီသတင်းဌာနက ဖော်ပြခဲ့သည်။

ရေနံဈေးကွက်တည်ငြိမ်ရေးအတွက် ရောင်းအားကို ထိန်းသိမ်းရန်နှင့် ကမ္ဘာ့စီးပွားရေး တိုးတက်စေရန် လုပ်ဆောင်မှုများကို နှစ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခဲ့သည်။ရေနံရောင်းအားနှင့် ဈေးနှုန်းများသည် အမေရိကန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံအတွက် ဘုံအကျိုးအမြတ်များ ရှိကြောင်း သိရသည်။ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်းနှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.