Connect with us

Africa & Middle East

လာမည့်ရက်ပိုင်းများအတွင်း ဗြိတိန်ရေနံသင်္ဘောကို ပြန်လွှတ်ပေးမည်ဟု အီရန် ဆို

ဗြိတိန် Stena Impero ရေနံတင်သင်္ဘောကို ဇူလိုင် ၂၁ ရက်က ဟောမုဇ်(Hormuz)ရေလက်ကြားတွင် တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ယခင်က ဖမ်းဆီးထိန်းသိမ်းထားသည့် ဗြိတိန် Stena Impero ရေနံတင်သင်္ဘောကို ယခုရက်ပိုင်းများတွင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Abbas Mousavi က စက်တင်ဘာ ၁၆ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Stena Impero ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးရန် ဥပဒေရေးရာလုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်နေကြောင်း ၊ ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးရန် ဆုံးဖြတ်ချက်မှာ အီရန် တရားစီရင်ရေးဌာနက လက်တွေ့အခြေအနေအရ ဆုံးဖြတ်ခြင်း ဖြစ်ပြီး ကြားဝင်ညှိနှိုင်းပေးမှုမရှိကြောင်း Abbas Mousavi က ဆိုသည်။

ဇူလိုင် လဆန်းပိုင်းက ဂျီဘရော်တာ(Gibraltar)ရေလက်ကြားတွင် အီရန် Grace 1 ရေနံတင် သင်္ဘောကို ဗြိတိန်က ထိန်းသိမ်းခဲ့သည်။ အီးယူမှ ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား ချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံသို့ ရေနံစိမ်းတင်ပို့ြ့ခင်းကြောင့် ၎င်းသင်္ဘောအား ထိန်းသိမ်းရခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုပြောဆိုချက်ကို အီရန်က ငြင်းဆိုထားပြီး ဖမ်းဆီးထိန်းသိမ်းထားသည့် ရေနံတင်သင်္ဘော ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဇူလိုင် ၁၉ ရက်တွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)က ဗြိတိန် Stena Impero ရေနံတင်သင်္ဘောကို နိုင်ငံတကာ ပင်လယ်ရေကြောင်းဥပဒေ လိုက်နာစောင့်ထိန်းမှု မရှိဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သြဂုတ် ၁၅ ရက်တွင် ဂျီဘရော်တာရေလက်ကြားတွင် ဖမ်းဆီးခဲ့သော Grace 1 ရေနံတင် သင်္ဘောကို ဗြိတိန်က ပြန်လွှတ်ခဲ့ကြောင်း သိရသည်။ အီရန်ဘက်ကလည်း ဗြိတိန် Stena Impero ရေနံတင်သင်္ဘော၏ ဝန်ထမ်း ၇ ဦး ကို ပြန်လွှတ်ကြောင်း စက်တင်ဘာ ၄ ရက် ကြေညာခဲ့သည်။ Stena Imperoသင်္ဘောကို ဖမ်းဆီးထိန်းသိမ်းစဉ်က သင်္ဘောဝန်ထမ်း ၂၃ ဦး ပါရှိကြောင်း သတင်းများအရ သိရသည်။ (Xinhua)