Connect with us

Africa & Middle East

လုံခြုံရေး မျဉ်းနီလိုင်းကို မကျော်ရန် သက်ဆိုင်ရာ နိုင်ငံများကို အီရန် သတိပေး

ဟောမုဇ်(Hormuz)ရေလက်ကြားတွင် အီရန် တပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီရန် အမျိုးသားလုံခြုံရေး မျဉ်းနီလိုင်းကို ကျော်လွန်လာခြင်းမပြုရန် သက်ဆိုင်ရာနိုင်ငံများကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Khatibzadeh က ဒီဇင်ဘာ ၂၈ ရက်တွင် သတိပေး ပြောကြားလိုက်ကြောင်း Tehran Times သတင်းဖော်ပြချက်များအရ သိရသည်။

အစ္စရေး ရေငုပ်သင်္ဘောတစ်စီး ပင်လယ်ကွေ့သို့ မောင်းနှင်လာသည့် သတင်းကို ဂရုပြုမိကြောင်း Khatibzadeh က ယင်းနေ့တွင် ကျင်းပသည် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ပင်လယ်ကွေ့သည် အီရန်အတွက် အရေးပါသည်ကို အများသိပြီးဖြစ်ရာ ယင်းမျဉ်းနီလိုင်းကို ကျော်လွန်လာပါက အန္တရာယ်များစွာ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီး ဟောမုဇ်(Hormuz)ရေလက်ကြား ဖြတ်သန်းသွားသည်ဟု အမေရိကန် ရေတပ်၏ မကြာသေးမီက ကြေညာချက်နှင့်စပ်လျဉ်း၍ မေးမြန်းမှုအပေါ် ဖြေကြားရာတွင် Khatibzadeh က အီရန်အနေဖြင့် ဒေသတွင်းတင်းမာမှုများ မဖြစ်လာရန် မမျှော်လင့်သော်လည်း နိုင်ငံကိုကာကွယ် ထိန်းသိမ်းဖို့ တွေဝေတုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ၊ အမေရိကန်အနေဖြင့်လည်း ဒေသတွင်း တင်းမာမှုများကို ဖြေလျော့ရန် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

အစ္စရေး ရေငုပ်သင်္ဘောတစ်စင်း ပင်လယ်ကွေ့ကို မောင်းနှင်နေကြောင်း အစ္စရေး ပြည်သူ့အသံလွှင့်ကော်ပိုရေးရှင်း(IPBC)နှင့် အမေရိကန် The Washington Post သတင်းစာ၏ ပြီးခဲ့သည့်ရက် ဖော်ပြချက်များအရ သိရသည်။ အမေရိကန် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းနှင့် စစ်သင်္ဘော နှစ်စင်း ပြီးခဲ့သည့်ရက်များက ဟောမုဇ်(Hormuz)ရေလက်ကြားကို ဖြတ်သန်းသွားကြောင်း အမေရိကန်ရေတပ်က ကြေညာခဲ့သည်ဟု APသတင်းဌာန၏ ယခုလ ၂၁ ရက် သတင်းများအရ သိရသည်။(Xinhua)
#Iran, #Israel, #U.S., #Xinhua, #အီရန်, #အစ္စရေး, #အမေရိကန်, #ဆင်ဟွာ

———————————————–
(Chinese Version)

(国际)伊朗警告有关国家不要越过安全“红线”

  新华社德黑兰12月28日电(记者夏晨)据《德黑兰时报》报道,伊朗外交部发言人哈提卜扎德28日警告有关国家不要越过伊朗国家安全的“红线”。
 哈提卜扎德在当天举行的例行记者会上说,他注意到有关以色列一艘潜艇驶向海湾的报道。他表示,海湾对于伊朗的重要性众所周知,越过“红线”将带来很大风险。
在回答有关美国海军此前宣布一艘核动力潜艇穿越霍尔木兹海峡的提问时,哈提卜扎德说,伊朗不希望地区局势紧张,但伊方将毫不犹豫地保卫国家,同时希望美方采取措施缓解地区紧张局势。
据以色列公共广播公司和美国《华盛顿邮报》日前报道,以色列一艘潜艇正驶向海湾。另据美联社本月21日报道,美国海军宣布,美国一艘核动力潜艇和两艘军舰日前穿越了霍尔木兹海峡。(完)

图说:2019年4月30日,伊朗士兵在霍尔木兹海峡巡逻。(新华社发,艾哈迈德•哈拉比萨斯摄)